ဇင်ဘာဘွေနိုင်ငံ၌ သတ္တုတွင်းပြိုကျမှုဖြစ်ပွားခြင်းကြောင့် ခြောက်ဦးသေဆုံး၊ ၁၅ ဦး ပိတ်မိနေ

 

ဟာရာရီ   စက်တင်ဘာ    ၃၀


ဇင်ဘာဘွေနိုင်ငံ မတ်စ်ရှိနာလန် အနောက်ပြည်နယ်   ချီဂုတုခရိုင် ၌ စက်တင်ဘာ ၂၉ ရက် နံနက် ပိုင်းက သတ္တုတွင်းတစ်ခုပြိုကျမှုဖြစ်ပွားခြင်းကြောင့်   သတ္တုတွင်း လုပ်သား ခြောက်ဦး  သေဆုံးပြီး အခြား ၁၅ ဦး ဒဏ်ရာရရှိကြောင်း အစိုးရထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။


စက်တင်ဘာ ၂၉ ရက် ညက သတ္တုတွင်း    ပြိုကျမှုဖြစ်ပွားပြီး နောက်   အလုပ်သမား  စုစုပေါင်း ၃၄ ဦး ပိတ်မိနေသော်လည်း ၁၃ ဦး မှာ      လွတ်မြောက်လာကြောင်း သတ္တုတွင်းနှင့် သတ္တုတွင်း ဖွံ့ဖြိုး တိုးတက်ရေး      ဒုတိယဝန်ကြီး ပိုလိုက်ကမ်ဘာမူရာက နိုင်ငံပိုင် အသံလွှင့်ဌာန  ဇင်ဘာဘွေ အသံ လွှင့်  ကော်ပိုရေးရှင်းတွင် ပြော ကြားသည်။ မြေအောက်၌  ပိတ်မိ နေသည့်   အခြား ၁၅ ဦးကို   ကယ် ဆယ်ရန်လုပ်ဆောင်နေစဉ် သေဆုံး သူ ခြောက်ဦးကို  ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရသည်။    

ဆင်ဟွာ