
နေပြည်တော် စက်တင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ Fever surveillance ပြုလုပ်ခြင်းတို့ကို ယနေ့တွင် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ကြသည်။
နှာခေါင်းစည်းများ ဖြန့်ဝေ
ထိုသို့ဆောင်ရွက်ရာသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ရာနှင့် အဆောင်များတွင် နေထိုင်ကြသော ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း ၂၀၁၀ ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ကိုဗစ်- ၁၉ ရောဂါပိုး ရှိ၊ မရှိ လာရောက်စစ်ဆေးကြသည့် ဝန်ထမ်းများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးကာ ရင်းရင်းနှီနှီး အားပေးစကားပြောကြားသည်။
သတင်းစဉ်