ဇလွန်မြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်နေ၍ ရေလမ်းခရီးသွားသူများ အသက်ကယ်အင်္ကျီဝတ်ရန် သတိပေး

 

ဇလွန် ဇူလိုင် ၁၆


ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်၌ ဧရာဝတီမြစ်ရေ   မြင့်တက် လာချိန်ဖြစ်သဖြင့်  စက်လှေမော်တော်များနှင့်  ခရီးသွားလာနေသော ပြည်သူများအနေဖြင့် အသက်ကယ်အင်္ကျီဝတ်ဆင်ရန်   အသိပညာ ပေးခြင်းကို ကမ်းနားရပ်ကွက်  စက်‌လှေဆိပ်ကမ်းတွင် ဇူလိုင် ၁၅ ရက်က ဆောင်ရွက်ခဲ့သည်။

 


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက စက်လှေမော်တော် မောင်းနှင်သူများအား ယခုအချိန်သည် ဧရာဝတီမြစ်ရေမြင့်တက် လာချိန်ဖြစ်သဖြင့် မိမိတို့ စက်လှေမော်တော်တို့တွင် လိုက်ပါစီးနင်း သူများ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် အသက်ကယ်အင်္ကျီ၊ ဘောကွင်းနှင့်  အခြားအသက်ကယ်ပစ္စည်းများ ထားရှိပြေးဆွဲရန်နှင့်  ခရီးသွားလာ​ကြသော ပြည်သူများအနေဖြင့်လည်း အသက်ကယ် အင်္ကျီများ ဝတ်ဆင်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး စက်လှေ မော်တော်မောင်းနှင်သူများနှင့် ခရီးသွားပြည်သူများအား  အသက်ကယ် အင်္ကျီဝတ်ဆင်နည်းများကို လက်တွေ့ပြသခဲ့သည်။      

                       
ဝေယံ (ပြန်/ဆက်)