
နေပြည်တော် မတ် ၂၅
ဥရောပသမဂ္ဂ ( European Union)၏ ပံ့ပိုးကူညီမှုဖြင့် Biodiversity Conservation and Management of Protected Area in ASEAN (BCAMP) နှင့် ASEAN Center for Biodiversity(ACB)တို့မှ ကြီးမှူး ကျင်းပသည့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်၍ အာဆီယံလူငယ်များ၏ တင်ပြဖော်ထုတ်ခြင်းအစီအစဉ် ( Young ASEAN Storytellers Programme) အား ၂၀၂၂ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ ကျင်းပသွားမည်ဖြစ်သည်။
အစီအစဉ်တွင် ပါဝင်လိုသောလူငယ်ပညာရှင်များအနေဖြင့် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား၍ Online Application Channel https://aybp.asean biodiversity.org/yas မှတစ်ဆင့် လျှောက်ထားနိုင် ပြီး ပါဝင်လိုသူများသည် အသက် (၁၈)နှစ်မှ အသက် (၃၅)နှစ်ကြား အာဆီယံနိုင်ငံသားဖြစ်ရမည်။ ထို့ပြင် သက်ဆိုင်ရာ ဒေသဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတို့အား ကျွမ်းကျင်ပိုင်နိုင်စွာပြောဆို၊ ရေးသားနိုင်၍ အစီအစဉ်အားလုံးတွင် ပါဝင်ဆောင်ရွက်နိုင်သူ (လူကိုယ်တိုင်ပါဝင်ခြင်း/ Online မှတစ်ဆင့် ပါဝင်ခြင်း) ဖြစ်ရမည်။
အစီအစဉ်တွင် အာဆီယံနိုင်ငံများမှ လူငယ်နှစ်ဦးစီအားရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် လူငယ်များသည် မိမိတို့နိုင်ငံအတွင်းရှိ အာဆီယံအမွေအနှစ်ဥယျာဉ် (ASEAN Heritage Park-AHP) များ၌ တိရစ္ဆာန်မျိုးစိတ်များ၊ အပင်မျိုးစိတ်များ၊ သဘာဝအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပေး နေပုံကို ဓာတ်ပုံဖြင့်ဖြစ်စေ၊ ဗီဒီယိုဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အနုပညာလက်ရာဖန်တီးမှုတစ်ခုခု (ပန်းချီ/လက်မှုပညာ) ဖြင့်ဖြစ်စေ၊ အခြားဖန်တီးမှုတစ်ခုခု (ဥပမာ-ပုံရိပ်ယောင် နည်းပညာ/ ကာတွန်း/ အချက် အလက်များဖြင့်တင်ပြခြင်း) ဖြင့်ဖြစ်စေ အာဆီယံပြည်သူလူထုထံသို့ သတင်းမီဒီယာများမှတစ်ဆင့် ပြန်လည်မျှဝေပေးရမည်ဖြစ်သည်။
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်၍ အာဆီယံလူငယ်များ၏ တင်ပြ ဖော်ထုတ်ခြင်းအစီအစဉ်ပါဝင်လိုသူများအနေဖြင့် အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို https://aybp.asean biodiversity.org/yas တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်မေးမြန်းလိုပါက လူငယ်ရေးရာဦးစီးဌာန၊ ဖုန်းနံပါတ် ၀၉-၄၃၁၃၉၄၂၂ ထံသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်