
ရန်ကုန် ဖေဖော်ဝါရီ ၂၇
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး ပတ်လမ်းရှိ ဇီဝိတဒါနသံဃာ့ဆေးရုံ မန္တလေး (ကန်တော်ကြီး) တွင် ပြင်ပလူနာများအား သင့်တော် သော ကုသမှုစရိတ်ဖြင့် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ပြင်ပလူနာများအား သင့်တော်သော ကုသမှု စရိတ်ဖြင့် ကုသပေးမည့် အစီအစဉ်ကို လာမည့် မတ်လအလယ်တွင် တိုးချဲ့၍ စတင်ကုသပေးမည် ဖြစ်ကြောင်း အဆိုပါဆေးရုံက ကြေညာထားခြင်း ဖြစ်သည်။
ထို့ကြောင့် အဆိုပါဆေးရုံ၌ တာဝန် ထမ်းဆောင်လိုသော လက်ထောက်ဆရာဝန်များ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီး၊ အထက် တန်း သူနာပြု ၊ သူနာပြုအကူနှင့် အထွေထွေ လုပ်သားများအနေဖြင့် လာမည့်မတ် ၁၀ ရက် နောက်ဆုံးထားကာ လာရောက်လျှောက်ထားနိုင် ကြောင်း သိရသည်။
ယင်းသို့ လျှောက်ထားပါက သက်ဆိုင်ရာ အရည်အချင်းအလိုက် ဘွဲ့လက်မှတ်မိတ္တူ၊
သက်ဆိုင်ရာသင်တန်းဆင်းလက်မှတ်မိတ္တူ၊ ဓာတ်ပုံ နှစ်ပုံ၊ အိမ်ထောင်စုဇယားမိတ္တူ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံ စာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ တို့နှင့်အတူ ရုံးချိန်အတွင်း လာရောက်လျှောက်ထား နိုင်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံရှိ အောက်ဆီဂျင်ဌာန၊ ကျောက် ကပ် သွေးသန့်ဌာန၊ ရေအလှူတော်၊ မီးအလှူ တော်၊ ဆေးပဒေသာပင်အလှူ၊ ဆွမ်းပဒေသာပင် အလှူတို့ကို စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။
သစ်တော်