ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချမှုအစီအစဉ် ရန်ကုန်တိုင်းအတွင်း စတင်လုပ်ဆောင်နေ

 

ရန်ကုန်  စက်တင်ဘာ   ၁၈


ရန်ကုန်တိုင်းအတွင်းရှိ စားသုံးသူ ပြည်သူများအတွက်   ဈေးနှုန်း သက်သာစွာဖြင့် ဆန်ရောင်းချမှု အစီအစဉ်ကို       စက်တင်ဘာ ၁၄  ရက်မှစတင်ပြီး  ဆောင်ရွက် ပေးလျက်ရှိကြောင်း      မြန်မာ နိုင်ငံ   ဆန်စပါးအသင်းချုပ်မှ သိရ သည်။


မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်၊    မြန်မာနိုင်ငံ    ဆန်စပါး ကုန်သည်များအသင်း Myanmar Rice နှင့်  ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တို့၏ ပူးပေါင်းညှိနှိုင်း စီစဉ်မှုအရ ယခုကဲ့သို့ ဆောင်ရွက် ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်။


ဆန်ဝယ်ယူသူများ  အနေဖြင့် မိမိတို့      ကြိုက်နှစ်သက်သည့် ဆန်အိတ်တစ်အိတ်မှ    သုံးအိတ် အထိ ဝယ်ယူရရှိနိုင်ပြီး ဆန်အမျိုး အစားအလိုက်   ဈေးနှုန်းများမှာ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ရွှေဘိုပေါ်ဆန်း ငွေကျပ် ၅၂၀၀ဝ၊ ဧရာဝတီပေါ်ဆန်း          ငွေကျပ် ၄၂၀၀ဝ၊ ဧရာမင်း ၅   ရာခိုင်နှုန်း ငွေကျပ် ၄၂၀၀ဝ၊ ရက် ၉၀ ငွေကျပ် ၂၇၅၀ဝ၊ ဧည့်မထငွေကျပ် ၂၄၀၀ဝ စသည်ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိသည်။


လာရောက်ဝယ်ယူနိုင်


အဆိုပါအစီအစဉ်အရ    ဆန် များကို နေ့စဉ် နံနက်   ၉  နာရီမှ ညနေ ၃ နာရီအတွင်း    ဝါးတန်း ကုန်စည်ဒိုင်တွင်    လာရောက် ဝယ်ယူနိုင်ပါကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ       သိရ သည်။          


နန်းထက်ထက်ချစ်