
ကြံရာသီတွင် စက်ရုံမှကြိတ်ခွဲနိုင်သည့် ကြံတန်ချိန်များရရှိရန် စက်ရုံအစီအစဉ်ဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်
နေပြည်တော် ဇန်နဝါရီ ၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ ဇေယျဝတီသကြားစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့် စပ် လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သကြားစက်ရုံများသည် ကြံ ထွက်ရှိသည့်ရာသီ၌သာ လည် ပတ်ရ၍ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး စီမံဆောင်ရွက် ရန်၊ စက်အရန်ပစ္စည်းများကိုလည်း အဆင်သင့်လဲလှယ် အသုံးပြု နိုင်ရေးအတွက် ကြိုတင်ဝယ်ယူ စုဆောင်းထားရန်၊ ကြံကုန်ကြမ်း များ ပြတ်လပ်မှုမရှိစေရေး အစီ အမံများ ချမှတ်ဆောင်ရွက်ရန်၊ စားသောက်ကုန်များ ထုတ်လုပ် သည့် စက်ရုံဖြစ်၍ စားသုံးသူ များ ဘေးအန္တရာယ်မဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်၊ ပြည်ပမှ သကြားများတင်သွင်း နေရမှုကို လျှော့ချနိုင်ရေးကြိုးစားဆောင်ရွက်ရန်၊ ကြံကုန်ကြမ်း များ ကြိတ်ခွဲရာတွင် ကြံရည်များ ကုန်စင်အောင် ကြိတ်ခွဲနိုင်မှသာ သကြားအထွက်နှုန်း တိုးတက် မည်ဖြစ်၍ ကြပ်မတ်ဆောင်ရွက် ရန်၊ ကြံရာသီတွင် စက်ရုံမှ ကြိတ်ခွဲ နိုင်သည့် ကြံတန်ချိန်များရရှိရန် စက်ရုံအစီအစဉ်ဖြင့် စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရန်၊ ဒေသခံ ကြံ တောင်သူများ ဝင်ငွေတိုးတက်၍ လူနေမှုအဆင့်အတန်းမြင့်မားစေရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား တိုးမြှင့်ဆောင် ရွက်ရန်၊ အထွက်နှုန်းကောင်းသည့် ကြံမျိုးစိတ်များရရှိအောင် စီမံ ဆောင်ရွက်၍ ဒေသခံကြံတောင်သူ များသို့ ဖြန့်ဝေပေးရန်နှင့် သိပ္ပံ နည်းကျ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာ မျှဝေပေးရေးလုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင် ရွက်ရန်၊ တစ်ယူနစ် ထုတ်လုပ်မှု စရိတ်များ လျှော့ချနိုင်ရေးအတွက် အလေအလွင့်မရှိရေး ကြပ်မတ် ဆောင်ရွက်ရန်၊ စက်ရုံစိုက်ကွင်း များတွင်လည်း ကြံအထွက်နှုန်း ကောင်းမွန်အောင် မြေများအား ပြုပြင်ဆောင်ရွက်ရန်နှင့် ကြံ အထွက်နှုန်း ကောင်းမွန်စေရေး အတွက် သွင်းအားစုများနှင့် သဘာဝမြေဩစာများကို အချိန် ကိုက် ဖြည့်ဆည်းပေးနိုင်ရေး စီမံ ဆောင်ရွက်ရန် မှာကြားပြီး သကြားထုတ်လုပ်သည့် လုပ်ငန်း စဉ် အဆင့်ဆင့်နှင့် ကြံစိုက်ကွင်း များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကြံ စိုက်ကွင်းများအတွင်း မသက်ဆိုင် သူများ ဝင်ရောက်စိုက်ပျိုးမှု မရှိ စေရေး အလေးထားဆောင်ရွက် ရန် ထပ်ဆင့်မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရေတာရှည်မြို့နယ်ရှိ အမှတ်(၃)စက်မှုသင်တန်းကျောင်း (သာဂရ)သို့ ရောက်ရှိပြီး နည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ နည်းပြဆရာ၊ ဆရာမများအနေဖြင့် သင်တန်းသားများကို လက်တွေ့ လုပ်ငန်းခွင်တွင် ပြန်လည်အသုံး ပြုနိုင်သည်အထိ လေ့ကျင့် သင်ကြားပေးရန်၊ မိမိတို့သက်ဆိုင် သည့် ဘာသာရပ်အသီးသီးကို ကျွမ်းကျင်မှုရှိရေး အမြဲမပြတ် လေ့လာ သင်ယူသွားရန်နှင့် ကျောင်းသားများ၏ စံပြဖြစ် အောင် ပြုမှုနေထိုင်သွားကြရန်၊ နည်းပြဆရာ၊ ဆရာမများ၏ အရည်အသွေးတိုးတက်မြင့်မားစေရေးအတွက် ToT(Training of Trainer) သင်တန်းများ ဖွင့်လှစ် နိုင်ရေး စီမံဆောင်ရွက်ရန်မှာကြား ပြီး သင်တန်းသား သင်တန်းသူ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ သင်တန်းသား အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်