ဇေယျာသီရိမြို့နယ်အတွင်းရှိ အသေးစားမျှစ်ချဉ်လုပ်ငန်းလုပ်ကိုင်သူများ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရောင်းချနိုင်

 

ဇေယျာသီရိ   ဩဂုတ်  ၃၀


နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး  ဒေါ်မိုးမိုးအေး၊  နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန  ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ဆွေ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ  တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်အတွင်းရှိ အသေးစား မျှစ်ချဉ်လုပ်ငန်း လုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာအုပ်စု တဲကုန်း ကျေးရွာရှိ မျှစ်ချဉ်လုပ်ငန်းရှင် ဦးခင်မောင်ဝင်း၏ နေအိမ်၌ တွေ့ဆုံသည်။         


တွေ့ဆုံပွဲတွင်  နေပြည်တော်ကောင်စီအဖွဲ့ဝင်က မိမိအနေဖြင့် ဒေသခံလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက် ရန်   လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊  မျှစ်ချဉ် ထုတ်လုပ်မှုလုပ်ငန်းတွင်    ကုန်ကြမ်းမှ   ကုန်ချော ထုတ်လုပ်ရောင်းချနိုင်ပြီး ဒေသခံလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မျှစ်/ဝါးထုတ်လုပ်မှု မှ ဝင်ငွေရရှိပြီး တစ်ဦးချင်းဝင်ငွေမှ မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း၊      ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် လည်း လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြတောင်းခံစေလိုကြောင်း၊  လုပ်ငန်းရှင်များ အနေဖြင့် တင်ပြတောင်းခံနိုင်မှသာ   မိမိအနေဖြင့်  သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး လိုအပ်သည်များ      ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက်  တက်ရောက်လာသည့်   ခေတ်အေး ကျေးရွာအုပ်စုမှ        မျှစ်ချဉ်လုပ်ငန်းရှင်များက ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ရေး   နည်းပညာ လိုအပ်ချက်များ၊ ဈေးကွက်ရှာဖွေရေးအခြေအနေများ၊ ဝါးမှ လက်မှုပစ္စည်းများနှင့် စားသောက်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေးအခြေအနေများကို       တင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က     ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် နှင့်  တာဝန်ရှိသူများက မျှစ်ချဉ်လုပ်ငန်းလုပ်ကိုင်နေမှု အဆင့်ဆင့်ကို   လှည့်လည်ကြည့်ရှုခဲ့ကြောင်း  သိရ သည်။          

                     
  မြို့နယ်(ပြန်/ဆက်)