ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်     ဇူလိုင်   ၁၃


နေပြည်တော်ကောင်စီ   အဖွဲ့ဝင် ဦးဇေယျာလင်းသည် ဇေယျာသီရိ မြို့နယ်အတွင်း     စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊     ရပ်မိရပ်ဖများ၊ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း က  ဇေယျာသီရိမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   အစည်း အဝေးခန်းမ၌ ကျင်းပသည်။     

 


ရှေးဦးစွာ     နေပြည်တော် ကောင်စီအဖွဲ့ဝင်   ဦးဇေယျာလင်း က   ဒေသခံတောင်သူများအနေ ဖြင့်     စိုက်ပျိုးရေး၊   မွေးမြူရေး ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို      ပွင့်ပွင့် လင်းလင်း       တင်ပြပေးစေလို ကြောင်း၊ တောင်သူများ၏ အကျိုး စီးပွားတိုးတက်    အောင်မြင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ များနှင့်  ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက် သွားရန်လိုကြောင်း၊       မြေပြင် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ အနေဖြင့်လည်း တောင်သူများ၏ လိုအပ်ချက်၊ လိုလားချက်များကို မှတ်သားထားရှိပြီး  ဆောင်ရွက် မည့်အစီအမံများ ရေးဆွဲတင်ပြ၍    ဌာနအလိုက်   သင့်လျော်သည့် ဘဏ္ဍာနှစ်များတွင်  ထည့်သွင်း လျာထားနိုင်ရေး   ဆောင်ရွက်သွား ရန်   လိုအပ်ကြောင်း   ပြောကြား သည်။  

 


ထို့နောက်       ဇေယျာသီရိ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံး  ချမှု     စီမံခန့်ခွဲရေးဦးစီးဌာန၊     မြို့နယ်စိုက်ပျိုးရေး    ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်    ကုသရေး ဦးစီးဌာနနှင့်    မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့မှ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်လုပ်ဆောင်သွား မည့် လုပ်ငန်းများအား ရှင်းလင်း တင်ပြပြီးနောက်    တက်ရောက် လာသည့်     ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊    ရပ်မိရပ်ဖ များ၊ တောင်သူများက  စိုက်ပျိုးရေ ရရှိရေး၊ ဆရာ ဆရာမ လိုအပ်ချက် များရရှိရေး၊      ကုန်ထုတ်လမ်း ကောင်းမွန်စေရေး၊      ကျေးရွာ ချင်းဆက်လမ်းရရှိရေး၊   စက်မှု လယ်ယာများ ဖော်ဆောင်ပေးနိုင် ရေး   စသည့်လိုအပ်ချက်များကို တင်ပြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က  ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရ သည်။          

မြို့နယ်(ပြန်/ဆက်)