ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေ ကြည့်ရှုစစ်ဆေး

 

ဘားအံ   ဒီဇင်ဘာ   ၂၆


ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့်  အတူ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်    အဖွဲ့သည်    ဘားအံမြို့ ရဲသာကျေးရွာအုပ်စု၊       မြို့ရှောင် လမ်းဖောက်လုပ်ရေး      ရှင်းလင်း ဆောင်သို့    ရောက်ရှိပြီး   ဘားအံ မြို့ရှောင်လမ်း၊  (၂ ဒသမ ၇၇၅ ကီလိုမီတာ - ၅ ဒသမ ၁ ကီလို မီတာ)   အတွင်း  လုပ်ငန်းဆောင် ရွက်မှု          အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ       ပြည်နယ် လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင်က     မြေကြီး တာပေါင်ဖို့လုပ်ငန်းနှင့် ဖြတ်မြေ  (ကျောက်တောင်     မိုင်းခွဲခြင်း)လုပ်ငန်းများ    ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးမှု    အခြေအနေ များကို ရှင်းလင်းဆောင်၌ တင်ပြ ခဲ့ပြီး    ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဇွဲကပင်တောင် နှင့် ကြာအင်းတောင်ကြား ရဲသာ ကျေးရွာအုပ်စုမှ   လှာကဒေါင် ကျေးရွာအုပ်စုသို့      ဘားအံမြို့ ရှောင်လမ်း (၂ ဒသမ ၇၇၅ ကီလို မီတာ - ၅ ဒသမ ၁ ကီလိုမီတာ) အတွင်း လမ်းလုပ်ငန်းဆောင်ရွက် နေမှု    အခြေအနေများကို    သွား ရောက်                ကြည့်ရှုစစ်ဆေးရာ ပြည်နယ်        လမ်းဦးစီးဌာနမှူး  ဦးနန်းမြင့်အောင်နှင့် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍    ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က   မိုးများသည့်   ဒေသဖြစ် သည့်အတွက်      လမ်းရေရှည် တည်တံ့ကောင်းမွန်ရေးနှင့် ရေစီး  ရေလာ ကောင်းမွန်ရေးအတွက်  ရေမြောင်းများ၊ မြေထိန်းနံရံများ စနစ်တကျ ထည့်သွင်းဆောင်ရွက် ပေးရန်၊   သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

 


ဘားအံမြို့ရှောင်လမ်းသည် ၆ ဒသမ ၄ ကီလိုမီတာအရှည်ရှိပြီး ရဲသာကျေးရွာအုပ်စု ကမော့ကစင် ကျေးရွာမှ လှာကဒေါင်ကျေးရွာ  နဒုက္ခသုခံလမ်းထိ   လမ်းပိုင်းကို အပိုင်း  (၁)  ဟူ၍   လည်းကောင်း၊ ဘားအံမြို့အဝင်   သံလွင်တံတား အဆင်း    တြိဂံလမ်းဆုံမှ    ကမော့ ကစင်ကျေးရွာထိ      လမ်းပိုင်းကို အပိုင်း   (၂)  ဟူ၍လည်းကောင်း အပိုင်း   နှစ်ပိုင်းခွဲ၍  ဆောင်ရွက် လျက်ရှိပြီး မြေသားလမ်းတာပေါင် ဖို့  လုပ်ငန်းများ၊ ၂၄ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း   လုပ်ငန်း များ၊ ၁၈ ပေအကျယ် ကတ္တရာ ခင်းခြင်းလုပ်ငန်းနှင့်    ၁၈    ပေ အကျယ်      ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများပါဝင်ကြောင်း သိရ သည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည်        ရေကျော်-လှိုင်းပုံ-လှာကမြင်       လမ်းပိုင်း အရှည် ၁ မိုင် ၃ ဖာလုံကို  ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

 


ဆက်လက်၍      ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    လမင်း  ကျောင်းတိုက် ဆရာတော်အား  သွားရောက်ဖူးမြော်     ကြည်ညို၍  လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်  နဝ ကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်သည်  ဘားအံမြို့ လှာကမြင် ကွက်သစ်ရှိ   ဇွဲကပင်အားကစား ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များအနက်     ပွဲကြည့်စင် တည်ဆောက်ခြင်း    လုပ်ငန်းနှင့် Synthetic ပြေးလမ်း မီတာ ၄၀၀  ခင်းခြင်းလုပ်ငန်းများကို  ကြည့်ရှု စစ်ဆေးပြီး      လိုအပ်သည်များ မှာကြားကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)