ISTAF World Cup 2024 ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း ဖိလစ်ပိုင်ကိုအနိုင်ရ

ရန်ကုန်  မေ  ၁၈
ISTAF  World Cup 2024 ပိုက်ကျော်ခြင်း ပြိုင်ပွဲ  အုပ်စုပထမနေ့ကို   မေ ၁၈ ရက်က မလေးရှားနိုင်ငံ၌ စတင်ကျင်းပရာ  မြန်မာ အသင်း အုပ်စုအဖွင့်ပွဲတွင် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည်      အုပ်စုပထမပွဲ အဖြစ် နှစ်ယောက်တွဲပြိုင်ပွဲတွင် ဖိလစ်ပိုင် အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရာ  ၂-၁ ပွဲဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ပထမပွဲငယ်တွင် ၁၅-၉ မှတ်ဖြင့် အနိုင်ရပြီး  ဒုတိယပွဲငယ်တွင်  ၁၆-၁၇ မှတ်ဖြင့် အရေး နိမ့်သော်လည်း တတိယပွဲငယ်တွင်  ၁၅-၆  မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။  မြန်မာ အသင်းသည်   နှစ်ယောက်တွဲပြိုင်ပွဲတွင် အုပ်စု (ဂ) ၌ ဖိလစ်ပိုင်၊  အင်ဒိုနီးရှားတို့နှင့်   ကျရောက်နေခြင်းဖြစ်သည်။ မြန်မာအသင်း သည်  မေ  ၁၉  ရက်တွင်  နှစ်ယောက်တွဲ ပြိုင်ပွဲအုပ်စုပွဲအဖြစ်     အင်ဒိုနီးရှားအသင်း၊ သုံးယောက်တွဲပြိုင်ပွဲအုပ်စုပွဲအဖြစ်  အိန္ဒိယ အသင်းနှင့်     ယှဉ်ပြိုင်ကစားရမည်      ဖြစ် သည်။
ယင်းပြိုင်ပွဲတွင် Premier နှင့် Division  နှစ်တန်းခွဲ၍   ကျင်းပမည်ဖြစ်ပြီး   မြန်မာ အပါအဝင် အဆင့်သတ်မှတ်ချက်  မြင့်မား သည့်   နိုင်ငံများမှာ  Premier   အဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစားသုံးမျိုး ထည့်သွင်းကျင်းပမည် ဖြစ်ပြီး နှစ်ယောက်တွဲပြိုင်ပွဲနှင့် သုံးယောက် တွဲပြိုင်ပွဲကို   မေ ၁၈ ရက်မှ ၂၂ ရက်၊ အသင်း လိုက်ပြိုင်ပွဲကို မေ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ သုံးယောက်တွဲပြိုင်ပွဲတွင်   အုပ်စု  (က) ၌ ထိုင်း၊ ဗီယက်နမ်၊  အင်ဒိုနီးရှား၊  အုပ်စု (ခ) ၌  မလေးရှား၊ တရုတ်၊ ဘရူနိုင်း၊ အုပ်စု (ဂ) ၌ တောင်ကိုရီးယား၊  ဖိလစ်ပိုင်၊ စင်ကာပူ၊ အုပ်စု   (ဃ)   ၌   အိန္ဒိယ၊  ဂျပန်၊   မြန်မာ၊ နှစ်ယောက်တွဲပြိုင်ပွဲ  အုပ်စု(က) ၌   ဂျပန်၊ ဘရူနိုင်း၊ မလေးရှား၊ အုပ်စု (ခ) ၌ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ အုပ်စု (ဂ) ၌ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု (ဃ) ၌ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အသင်းလိုက် ပြိုင်ပွဲ အုပ်စု (က)၌  အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ အုပ်စု (ခ)၌  အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ အုပ်စု (ဂ)  ၌  ဘရူနိုင်း၊ ဂျပန်၊ မလေးရှား၊ အုပ်စု (ဃ) ၌ မြန်မာ၊  ဖိလစ်ပိုင်၊ တောင် ကိုရီးယားအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲ ကျင်းပသည့်ပုံစံအရ ပြိုင်ပွဲဝင်နိုင်ငံအားလုံး သည် ပြိုင်ပွဲအမျိုးအစား ရွေးချယ်ခွင့်မရှိဘဲ အားလုံး  ယှဉ်ပြိုင်ရမည်ဖြစ်ကာ  အဆင့် သတ်မှတ်ချက်များ        ပြုလုပ်သွားမည် ဖြစ်သည်။ 
ညီမြတ်သော်တာ