ISO 9004:2018 Awareness Workshop အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၂၀


သိပ္ပံနှင့်    နည်းပညာဝန်ကြီးဌာနက ကြီးမှူး၍  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ  ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးဆိုင်ရာ     “ISO 9004: 2018  Quality Management  -  Quality of an organization-Guidance to achieve sustained success” အရည်အသွေးစီမံခန့်ခွဲမှု - အဖွဲ့အစည်း၏ အရည်အသွေး - ရေရှည်တည်တံ့သည့်    အောင်မြင်မှု ရရှိရန်    လမ်းညွှန်နှင့်ပတ်သက်သည့်   အလုပ်ရုံ ဆွေးနွေးပွဲကို  ယနေ့မွန်းလွဲ ၁ နာရီက Virtual Mode ဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။ 


အသိပညာများရရှိနိုင်မည်


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ မျိုးသိန်းကျော်က အမျိုးသား အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရန်၊ စံချိန်စံညွှန်းသည်  အရေးကြီးသောကဏ္ဍမှ  ပါဝင် လျက်ရှိပြီး စံချိန်စံညွှန်းများကို အသုံးချနိုင်ရန်နှင့် စံချိန်စံညွှန်းပါ ဖော်ပြချက်များကို သိရှိနားလည်နိုင်ရန် အရေးကြီးပါကြောင်း၊   ISO 9004:2018 အလုပ်ရုံ ဆွေးနွေးပွဲများနှင့်   သင်တန်းများကို ကျင်းပခြင်းဖြင့် အဖွဲ့အစည်း၏    ရေရှည်တည်တံ့သော   အောင်မြင်မှု ဆိုင်ရာ   အရည်အသွေးစီမံခန့်ခွဲမှုစနစ်  အကောင် အထည်ဖော်ရာတွင်  ဆောင်ရွက်ရမည့်  လုပ်ငန်းစဉ် များကို  သိရှိနိုင်ခြင်း၊  အဖွဲ့အစည်း၏  ရင့်ကျက်မှု အဆင့်အား Self-Assessment Tool ဖြင့် အကဲဖြတ်၍  အဖွဲ့အစည်း၏  အားနည်းချက်၊  အားသာချက်တို့ကို ဆန်းစစ်နိုင်ပြီး    ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်နိုင်ခြင်း     စသည်တို့နှင့် ပတ်သက်၍ အသိပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဤအသိပညာများကို လက်တွေ့အသုံးချနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း  ပြောကြား သည်။ 


တက်ရောက်


အဆိုပါ   အလုပ်ရုံဆွေးနွေးပွဲသို့    သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာနအောက်ရှိ     ဦးစီးဌာန  ခုနစ်ခုမှ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ အရာထမ်းများ   တက်ရောက်ကြကြောင်း  သိရ သည်။                                            

 သတင်းစဉ်