
နယူးယောက် မတ် ၂၁
ချစ်ပ်ပြားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် Intel နည်းပညာကုမ္ပဏီသို့ တိုက်ရိုက်ရန်ပုံငွေ ၈ ဒသမ ၅ ဘီလီယံအထိ ထောက်ပံ့ပေးသွားမည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။
အဆိုပါ ရန်ပုံငွေများသည် ခေတ်မီသော တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် ပြည်တွင်း စက်ရုံများ တည်ဆောက်ခြင်းနှင့် ချဲ့ထွင်ရာတွင် ကူညီ ရန် ရည်ရွယ်ခြင်းဖြစ်သည်။ မတ် ၂၀ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အရီဇိုးနား ပြည်နယ်ရှိ Intel စက်ရုံသို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီ သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ချေးငွေပေးသွား မည်ဟုလည်း ကြေညာခဲ့သည်။
အမေရိကတွင် ရင်းနှီးမြှုပ်နှံလျှင် တိုင်းပြည် အနာဂတ်ကို ပြောင်းလဲနိုင်ပြီး ကမ္ဘာကြီးကို နောက်တစ်ကြိမ် ဦးဆောင်နိုင်မည်ဟု ၎င်းကဆက်ပြော သည်။ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၅ ဘီလီယံ ပံ့ပိုးခြင်းသည် ချစ်ပ်ပြားနှင့် သိပ္ပံဥပဒေအောက်တွင် အကြီးဆုံးထောက်ပံ့ပေးမှုလည်းဖြစ်သည်။
အဆိုပါဥပဒေသည် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ပြီး ပြည်တွင်းထုတ်လုပ်မှုနှင့် တစ်ပိုင်းလျှပ်ကူးကိရိယာ များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေ ရန်အတွက်လည်း စတင်ခဲ့ခြင်းဖြစ်သည်။ ရင်းနှီး မြှုပ်နှံမှုအသစ်ကြောင့် အလုပ်နေရာပေါင်း ၃၀၀၀၀ နီးပါးကို ဖန်တီးပေးနိုင်မည်ဟု အိမ်ဖြူတော်က ပြောသည်။
အင်န်အိတ်ချ်ကေ