ရန်ကုန် ဖေဖော်ဝါရီ ၁၆
ယူနန်-မြန်မာအကြား စီးပွားရေးကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရန် Platform ကို တည်ဆောက်ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံ မှုကို ချိတ်ဆက်ဆောင်ရွက်လိုကြောင်း ယူနန် ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Dr. Li Chenyang က ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျင်းပသည့် ယူနန်- မြန်မာစီးပွားရေး ချိတ်ဆက်မှုဆိုင်ရာ ဆွေးနွေး ပွဲအတွင်း ပြောကြားသည်။
အခမ်းအနား၌ ယူနန်စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်းရှင်များ အပြန် အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် လယ်ယာ လုပ်ငန်းများ၊ အိုင်တီနှင့် ဆက်စပ်လုပ်ငန်း များ၊ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စည် ပို့ဆောင်ရေးသိုလှောင်ရုံ စီမံကိန်းများ၊ သတင်း အချက်အလက်လုပ်ငန်းဆိုင်ရာ စက်ပစ္စည်း ကိရိယာများ၊ လျှပ်စစ်၊ အခြေခံအဆောက်အဦ၊ ငွေပေးချေမှုနည်းပညာများ၊ စီမံကိန်းများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ယူနန်ပြည်နယ် စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာလုပ်ငန်းရှင်များ အများအပြား တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး (ရန်ကုန်) မှ စီးပွားရေး သံမှူး Mr. Tan Shufu က ယူနန်နှင့် မြန်မာ အကြား နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်နှင့် အခြေခံအဆောက်အဦ လုပ်ငန်းများသည် အလားအလာရှိသော လုပ်ငန်းများဖြစ် ကြောင်း၊ နှစ်ဖက်အဆက်အသွယ်များရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင် မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကြီးမား သော အရေးပါသည့် ဈေးကွက်ကြီးဖြစ်သည့် အတွက် GACC စနစ်တွင် အလားအလာရှိသော မြန်မာနိုင်ငံထွက် ထုတ်ကုန်ပစ္စည်းများ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များ လွယ်ကူ မြန်ဆန်ရန်လိုအပ်ပြီး လယ်ယာကဏ္ဍ သွင်းအားစုများဖြစ်သည့် မျိုးကောင်းမျိုးသန့်၊ နည်းပညာ၊ မြေဩဇာ စသည်များကို အဆင်ပြေသက်သာစွာဖြင့် ဖြည့်ဆည်းပေး နိုင်ရေး ညှိနှိုင်းပေးရန်နှင့် မြန်မာနိုင်ငံမှ မွေးမြူရေးနှင့် ရေလုပ်ငန်းထုတ်ကုန်များကို လည်း ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန် များအဖြစ် တင်ပို့ရောင်းချနိုင်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပံ့ပိုးဆောင်ရွက်ပေးစေလို ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။
သီရိ



