ယူဂန္ဓာနိုင်ငံ နယ်စပ်ဒေသများ၌ ဗီဇပြောင်းဗိုင်းရပ်စ်စောင့်ကြည့်ရေးလုပ်ငန်း အရှိန်မြှင့်တင်မည်

ကန်ပါလာ   စက်တင်ဘာ   ၂၃


ယူဂန္ဓာနိုင်ငံအတွင်း ဗီဇပြောင်းဗိုင်းရပ်စ် များ ကူးစက်ပျံ့နှံ့မည့်အရေးကို တားဆီး ရန်အတွက် နယ်စပ်ဒေသများ၌ ဗိုင်းရပ်စ် စောင့်ကြည့်ရေးလုပ်ငန်းများအား အရှိန် မြှင့်တင်ရန် ယူဂန္ဓာသမ္မတ ယိုဝီရီမူဆာ ဗာနီက တာဝန်ရှိသူများအား ယမန်နေ့က  ညွှန်ကြားခဲ့သည်။ 


ယူဂန္ဓာနိုင်ငံ အန်တက်ဘီ အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့်     ကုန်းလမ်းခရီး နယ်စပ်ဝင်ပေါက် ၅၃ ခု၌  ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးရေးစင်တာများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  ရုပ်မြင် သံကြားမိန့်ခွန်း၌   ယိုဝီရီမူဆာဗာနီက ပြောကြားသည်။ 


နိုင်ငံအတွင်း  ဗီဇပြောင်းဗိုင်းရပ်စ် မျိုးစိတ်သစ်များ     ထပ်မံကူးစက်လာခြင်း  ရှိ၊ မရှိ   ပုံမှန်စစ်ဆေးမှုများကိုလည်း      ကျန်းမာရေးဝန်ကြီးဌာနက  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း   သိရသည်။ ထို့ပြင် နိုင်ငံအတွင်း   ကျောင်းများ  ပြန်လည် ဖွင့်လှစ်သည့်အချိန်၌    ကျောင်းများတွင်  ကိုဗစ်-၁၉  ရောဂါ  ကူးစက်ခံရမှုများ ရှိ၊ မရှိ  စစ်ဆေးမှုများကိုလည်း   ကျန်းမာရေး ဝန်ကြီးဌာနက  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။    နိုင်ငံအတွင်း ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ ၁၂၂၅၀၂ ဦးရှိပြီး အဆိုပါ ရောဂါကြောင့်   သေဆုံးသူ  ၃၁၃၅ ဦး ရှိကြောင်း  ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။       


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ