ယူအေအီးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းမထိုးနှံရသေးသည့် နိုင်ငံသားများအား ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ပိတ်ပင်တားမြစ်မည်

ဒူဘိုင်း   ဇန်နဝါရီ   ၂


အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သည်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးတတိယ အကြိမ် အပိုဆောင်း မထိုးနှံရသေးသည့် နိုင်ငံသား များအား ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ပိတ်ပင် တားမြစ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာ ခဲ့သည်။


ယင်းသို့   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေး တတိယအကြိမ်       အပိုဆောင်းမထိုးနှံရသေးသည့် နိုင်ငံသားများအား ပြည်ပသို့ ထွက်ခွာခွင့် တားမြစ်မှု သည် ဇန်နဝါရီ ၁၀ ရက်တွင် အသက်ဝင်မည်ဖြစ် ကြောင်းနှင့် အပိုဆောင်းမထိုးနှံရသေးသော်လည်း ကျန်းမာရေးဆိုင်ရာ   ကင်းလွတ်ခွင့်ရရှိပြီးသည့် နိုင်ငံသားများနှင့်    သက်ဆိုင်မည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။


အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သည်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမြင့်တက်နေ သည့်   နိုင်ငံများအနက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းသစ်များထုတ်ပြန်သည့် နောက်ဆုံးနိုင်ငံ လည်းဖြစ်သည်။ နိုင်ငံအများအပြားသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    မထိုးနှံရသေးသူများအား      အဆိုပါရောဂါဆိုင်ရာ စည်းမျဉ်းသစ်များ အသီးသီး ထုတ်ပြန်ထားကြောင်း သိရသည်။


လက်ရှိတွင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၌ ဒီဇင်ဘာ ၂၄ ရက်အထိ နိုင်ငံ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်  ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၃၄ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်    အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ် ကြောင်း သိရသည်။


 ကိုးကား-ဘီဘီစီ
ဘာသာပြန်-အလင်းသစ်