
ရန်ကုန် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC)၏ စီမံမှုအောက်ရှိ YBS ယာဉ်များအားလုံး မေလ ကုန်တွင် အများပိုင်ဖြစ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “တစ်ဦးချင်းပိုင် ယာဉ်တွေက စည်းကမ်းမဲ့တဲ့နေရာမှာ အများဆုံးဖြစ်တာ တွေ့ရှိရပါ တယ်။ ယာဉ်စီးခတွေကအစ၊ ကျော်တက်တဲ့ကိစ္စတွေ၊ ပြိုင်မောင်း၊ လုမောင်းတွေ ဒီဟာတွေက အဓိကစည်းကမ်းမဲ့တာဖြစ်တဲ့အတွက် ကြောင့် တစ်ဦးချင်းပိုင်ယာဉ်တွေအားလုံး မေ ၃၁ ရက်မှာ အများကုမ္ပဏီ ပိုင်ယာဉ်တွေဖြစ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ပြောသည်။
ယခင်က ကျော်တက်သည့်YBS မော်တော်ယာဉ်များစွာရှိသော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ကျော်တက်သည့် YBS ယာဉ်များကို အရေးယူမည်ဟု ကြေညာထားရာ သိသာစွာ လျော့နည်း သွားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှ ၁၃ ရက်အထိ စည်းကမ်း မလိုက်နာ သည့် YBS ယာဉ် ၃၁ စီး ရှိကြောင်းနှင့် အဆိုပါယာဉ်များကို ခေါ်ယူ ဒဏ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။ လင်းလင်း