
နေပြည်တော် စက်တင်ဘာ ၇
ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှု နှင့် အနုပညာဝန်ကြီးဌာနမှ ကြီးမှူး၍ “ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံ တကာညီလာခံ- ယဉ်ကျေးမှု ပစ္စည်းများ တရားမဝင် ရောင်းဝယ် မှု တားဆီးရေး- အာဆီယံ ရှုထောင့်” “International Conference on Cultural Pro-perty Protection: The Preve-ntion of the Illicit Trafficking of Cultural Properties: An ASEAN Perspective" နိုင်ငံ တကာ ညီလာခံကို ယနေ့တွင် Video conferencing စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက် သည်။
အစည်းအဝေးတွင် ပထမ ကဏ္ဍအဖြစ် နိုင်ငံတကာစုံညီ အစည်းအဝေးနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တို့ကို နံနက် ၈ နာရီတွင် ကျင်းပ ရာ အာဆီယံနိုင်ငံများမှ အဆင့် မြင့်အရာရှိကြီးများ၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် များပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးတွင် ယဉ်ကျေးမှုအမွေအနှစ်ပိုင်ဆိုင်မှုကာကွယ်မြှင့်တင်ရာတွင် တွေ့ကြုံ ရသည့် စိန်ခေါ်မှုများကို မျှဝေကြ ပြီး ယဉ်ကျေးမှုအမွေအနှစ်များ တရားမဝင် ရောင်းဝယ်ဖောက် ကားမှု လျော့ပါးရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြသည်။
ဆက်လက်၍ အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုမည့် ကြေညာချက် အကျဉ်းချုပ်(မူကြမ်း)နှင့် ကမ္ဘော ဒီးယားနိုင်ငံမှ ထုတ်ပြန်မည့် Media Statement (မူကြမ်း)တို့အပေါ် ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် အစည်း အဝေး ဒုတိယကဏ္ဍဖြစ်သည့် အာဆီယံ ဝန်ကြီးများအဆင့် အစည်းအဝေးကို ကျင်းပရာ အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာဝန်ကြီးများ က ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း များ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းများ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူး နယ်ပယ်များကို ဆွေးနွေးကြ သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မြန်မာနိုင်ငံသည် အရှေ့တောင် အာရှတွင် ယဉ်ကျေးမှုအမွေအနှစ် များ ပေါကြွယ်ဝပြီး ယဉ်ကျေးမှု အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်၍ ရေရှည် တည်တံ့ခိုင်မြဲစေရေးနှင့် လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ်မှု မြှင့်တင်နိုင် ရေးအတွက် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲ ဆောင်ရွက်သွားရန်၊ ခိုးယူခြင်း သို့မဟုတ် တရားမဝင်တင်ပို့သော ယဉ်ကျေးမှုဆိုင်ရာ အရာဝတ္ထုများ နှင့် ပတ်သက်သည့် UNIDROIT ကွန်ဗင်းရှင်း သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ယူနက်စကို အဆင့်တွင်သာမက အာဆီယံအဆင့်တွင်လည်း ပိုမို ပူးပေါင်းပါဝင်လျက် ရှိကြောင်း ပြောကြားသည်။
အဆိုပါ နိုင်ငံတကာညီလာခံ အတွင်း ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး ဌာနကကြီးမှူး၍ စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ နိုင်ငံတကာ ရှေးဟောင်း ပညာရှင်များဖြင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် ဦးဆောင် သော ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်