
ရန်ကုန် နိုဝင်ဘာ ၁၅
ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ ပညာရေးစီမံ အုပ်ချုပ်မှု သင်တန်းကျောင်း (ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုပညာ သင်နှစ်တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း ၅၁ ကျောင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ်တွင်လည်း ထပ်မံ တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်သည့် အတွက် မြို့နယ်ပညာရေးမှူးများ အနေဖြင့် အလေးထားဆောင်ရွက် ရန်လိုပါကြောင်း၊ ယခု သင်တန်းမှ ရရှိသည့် ပညာများကို လက်တွေ့ အသုံးချပြီး မိမိမြို့နယ်အတွင်းရှိ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသား နှစ်ဦးက လက်ခံရယူသည်။
အဆိုပါ ပညာရေးစီမံအုပ်ချုပ် မှုသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်ပညာရေး မှူး ၃၀၃ ဦးတက်ရောက်ခဲ့ကြပြီး ဩဂုတ် ၁၆ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ သုံးလကြာ ဖွင့်လှစ်ပို့ချ ခဲ့သည်။ သင်ကြားရေးနှင့် စီမံ ခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန် များ ထမ်းဆောင်ရာတွင် စီမံ အုပ်ချုပ်မှုကျွမ်းကျင်ပြီး ထိရောက် စွာဆောင်ရွက်တတ်ရန်၊ စီမံခန့်ခွဲ မှုနှင့်အုပ်ချုပ်မှု စွမ်းရည်များ ပိုမိုမြင့်မား တိုးတက်စေရန်၊ စွမ်းဆောင်ရည်မြင့်မား၍ ထူးချွန် ထက်မြက်သော နိုင်ငံ့ဝန်ထမ်း ကောင်းများ မွေးထုတ်ပေးရန်၊ ပညာရေးမူဝါဒများကို သိရှိ လိုက်နာ ဆောင်ရွက်တတ်စေရန်၊ အဆင့်အလိုက် စီမံအုပ်ချုပ်မှု လုပ်ငန်းများကို သိရှိသွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစွာ ဆောင် ရွက်တတ်စေရန်၊ ဝန်ထမ်းများ ၏ ပင်ကိုအရည်အချင်းများ ထုတ်ဖော်ခွင့်ရရှိစေရန်နှင့် ပညာ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင် ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်း၌ ကျင်းပသည့် ကျောင်းအုပ်ကြီးများ ပညာရေး စီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ တက် ရောက် အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ (ဌာနမှူး)များနှင့် တွေ့ဆုံပြီး တက္ကသိုလ်၏ သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ပညာရေး အတွက် အရေးပါသည့် လုပ်ငန်း စဉ်တစ်ခုဖြစ်သော သင်ရိုး ညွှန်းတမ်းများ ရေးဆွဲခြင်းသည် တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်းကို မှန်ကန်အောင် ဆောင်ရွက်နိုင်မှသာ မိမိတို့ မွေးထုတ်လိုက်သည့် ကျောင်းသား ကျောင်းသူများ၏ အရည်အသွေး သည် ထူးချွန်ထက်မြက်လာ မည်ဖြစ်ပါကြောင်း ပြောကြား ကာ တက်ရောက်လာကြသည့် ပါမောက္ခ (ဌာနမှူး) များ၏ သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် အကြံပြုဆွေးနွေး တင်ပြ ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် Center for Research and Innovation သို့ ရောက်ရှိပြီး သုတေသန လုပ်ငန်းများဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်