
ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရေးအတွက် MSME လုပ်ငန်းများဖြင့်
ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်
နေပြည်တော် နိုဝင်ဘာ ၁
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက် လွယ်ကူစေရန် ခရိုင်များတိုးချဲ့ဖွဲ့စည်းခဲ့
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် အုပ်ချုပ်မှုပိုင်းဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက် လွယ်ကူစေရန်အတွက် ခရိုင်များထပ်မံတိုးချဲ့ဖွဲ့စည်း ခဲ့ကြောင်း၊ ခရိုင်အဆင့်အနေဖြင့် အုပ်ချုပ်မှုပိုင်း ဆိုင်ရာလုပ်ငန်းများကို စွမ်းဆောင်ရည်အရ ပိုမို ထိရောက်စွာဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ထပ်မံ တိုးချဲ့ခဲ့သည့်ခရိုင်များတွင် ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော ဌာနများ နှင့် ရုံးများကို ဖွင့်လှစ်ပေးထားကြောင်း၊ တရားဥပဒေ ရေးရာ လုပ်ငန်းများဆောင်ရွက်ရန်အတွက် တရားရုံး နှင့်ဥပဒေရုံး၊ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးဦးစီးဌာနများကို ပထမ ဦးစားပေးအနေဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း(MSME)များ တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်
ပြီးခဲ့သည့် စက်တင်ဘာလမှစတင်၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များကို သွားရောက်ခဲ့ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု များ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်း သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများ ပြောင်းလဲမှုများတွင် မူဝါဒကွဲပြားမှုများကြောင့် လုပ်ငန်းများ အောင်မြင်သင့်သလောက် အောင်မြင်မှု မရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံ၏စီးပွားရေး မြှင့်တင်ရေးအတွက် MSME လုပ်ငန်းသည် အဓိက ကျသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ MSME လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပေး ထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား လိုကြောင်း။
ပြည်တွင်းကုန်ကြမ်းများဖြင့်ကုန်ထုတ်လုပ်မှု
လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက
ပိုမိုအကျိုးရှိ
MSME လုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အဓိကထားဆောင်ရွက် ကြခြင်းဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက် ခြင်းသည် ပိုမိုအကျိုးရှိစေကြောင်း၊ MSME လုပ်ငန်း အတွက် အဓိကလိုအပ်ချက် ၄ ခုရှိပြီး ၎င်းတို့မှာ ကုန်ကြမ်း၊ ရင်းနှီးမြှုပ်နှံမှု၊ သွင်းအားစုနှင့် လူသား အရင်းအမြစ်များ လိုအပ်ကြောင်း၊ ကုန်ထုတ်လုပ်မှု အတွက် ကုန်ကြမ်းလိုအပ်မှုမရှိစေရန် ပြည်ပမှ ကုန်ကြမ်းများဝယ်ယူခြင်းထက် ပြည်တွင်းနှင့် ဒေသ တွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်း များနှင့် သဘာဝသယံဇာတ ကုန်ကြမ်းများကို အသုံးပြုမည်ဆိုပါက နိုင်ငံခြားငွေကြေးသုံးစွဲမှုများ ကိုပါ သက်သာစေမည်ဖြစ်ကြောင်း၊ အချက်အချာကျ သည့်ဒေသများတွင် ထုတ်ကုန်များ ထုတ်လုပ်နိုင် ရေး စက်မှုကုန်ထုတ်လုပ်ငန်းများကို အားပေး ဆောင်ရွက်ရန်လိုကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် လိုအပ် သကဲ့သို့ အဓိကကျသည့် ခရိုင်မြို့ကြီးများတွင် ဆောင် ရွက်ရန်အတွက်လည်း မိမိအနေဖြင့် တိုက်တွန်း ပြောကြားခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများ ပေါများ လာမည်ဖြစ်ပြီး မြို့ကြီးပြကြီးများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ရမှုများ လျော့နည်းသွားမည်ဖြစ် ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ခရိုင်မြို့များတွင် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်သည့် MSME လုပ်ငန်းသည် ပိုမိုအကျိုးဖြစ်ထွန်းသည်ကို တွေ့ရ ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများစွာရှိကြောင်း၊ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျလှောင်မွေးသည့် စနစ်ဖြင့် မွေးမြူမည်ဆိုပါက ပိုမိုအောင်မြင်ဖြစ်ထွန်းမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်တိရစ္ဆာန်အစာ များကို ထုတ်လုပ်၍ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို စံပြအဖြစ် အောင်မြင်ဖြစ်ထွန်းအောင် ဆောင် ရွက်ကြရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုး မွေးမြူရေးထွက်ကုန် ကုန်ကြမ်းများဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME) များတွင် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ဒေသတွင်း ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည် ဆိုပါက ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေး
ပေးထားမှုနှင့် ပြန်လည်ပေးဆပ်ရန်လိုအပ်မှု
နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေး မှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်း များ ပြန်လည်ဦးမော့လာစေရေး ချေးငွေများကို ခေါင်းစဉ်အလိုက် ထုတ်ချေးပေးထားကြောင်း၊ အဆိုပါ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလကိုလည်း လုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် သတ်မှတ် ကာလတစ်ခုသို့ ရွှေ့ဆိုင်းပေးခဲ့ကြောင်း၊ နိုင်ငံတော် အနေဖြင့် လည်ပတ်ငွေများရှိနေမှသာလျှင် စီးပွားရေး လုပ်ငန်းများသည်လည်း တိုးတက်ကောင်းမွန်မည် ဖြစ်သဖြင့် ချေးငွေများကို သတ်မှတ်အချိန်အတွင်း အချိန်မီ ပြန်လည်ပေးဆပ်ကြရန်လိုကြောင်း၊ အဆိုပါ ချေးငွေများ ပြန်လည်ရရှိမှသာ နိုင်ငံတော်အနေဖြင့် အခြားလိုအပ်သူများကို ထပ်မံထုတ်ချေးပေးနိုင် မည်ဖြစ်ကြောင်း၊ အားလုံးမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် သွင်းအားစုများ ရရှိရန်လိုအပ်
ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအတွက် သွင်းအားစုများအနေဖြင့် လျှပ်စစ်ဓာတ်အားနှင့် လောင်စာများ၊ စက်သုံးဆီများ၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် တိရစ္ဆာန်အစာများ လိုအပ်ကြောင်း၊ စက်သုံးဆီနှင့်မြေဩဇာများမှာ အဓိကလိုအပ်ချက်များဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ များနှင့် စက်သုံးဆီများ လုံလောက်စွာရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မြေဩဇာသည် အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ ပြည်တွင်း၌ မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် ဇီဝမြေဩဇာများ ရရှိရေးအတွက်လည်း ဆောင်ရွက် လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူ၍လည်း ဇီဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ပိုးသတ်ဆေး၊ လျှပ်စစ်နှင့် လောင်စာများ လုံလောက် စွာ ရရှိရန်လိုကြောင်း၊ စွမ်းအင်အတွက် ဂတ်စ်နှင့် ကျောက်မီးသွေးများ လုံလောက်စွာရရှိရေး စီမံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သွင်းအားစုများ လုံလောက်စွာရရှိမှသာ ထုတ်လုပ်မှုများကိုလည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း။
လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရန်လိုအပ်
လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ရှိမှသာ အရည်အသွေးရှိသည့် လုပ်သားအင်အားများ ရရှိနိုင်မည်ဖြစ်သဖြင့် လူသားအရင်းအမြစ်ကောင်း များ ပေါ်ထွက်လာစေရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အသားတင်စိုက်ပျိုး မြေဧက ၃၃ သန်းကျော်ရှိသဖြင့် အလုပ်အကိုင်အခွင့် အလမ်းများစွာရှိပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ တွင် အသက်၂၄ နှစ်မှ ၇၄ နှစ်အကြား အလုပ်လုပ်ကိုင် နိုင်သည့် လူဦးရေသည် သန်း ၃၀ ခန့်ရှိသဖြင့် လူတစ်ဦးလျှင်ပျမ်းမျှအားဖြင့် စိုက်ပျိုးမြေတစ်ဧက ကျော်ကို လုပ်ကိုင်နိုင်သည်ဟု ယေဘုယျပြောနိုင် ကြောင်း၊ ထို့ကြောင့် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ပြီး ကျေးလက်ဒေသတွင် စိုက်ပျိုး မွေးမြူရေးကုန်ထုတ်လုပ်ငန်းများအတွက် လုပ်အား များ များစွာရရှိနိုင်မည်ဖြစ်ကြောင်း၊ လူသားအရင်း အမြစ်များကို စနစ်တကျ အသုံးချနိုင်ရန်လိုကြောင်း။
အခြေခံလူသားအရင်းအမြစ်များ ရရှိရေးအတွက် ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ် များကို အခြေခံပညာကျောင်းများတွင် တိုးချဲ့ သင်ကြားပေး နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် စက်မှုသိပ္ပံ ကျောင်းများနှင့် တက္ကသိုလ်များသို့ ဆက်လက် တက်ရောက်နိုင်ကြောင်း၊ လူသားအရင်းအမြစ်သုံးရပ် ကို မဖြစ်မနေ မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှလည်း လူသား အရင်းအမြစ်များရရှိရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း။
MSME လုပ်ငန်းများအတွက် နည်းပညာလိုအပ် ချက်များရှိကြောင်း၊ နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြည့်ဆည်းဆောင် ရွက်ပေး၍ရကြောင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ကုန်စည်ပြပွဲများ ပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်ရရှိနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အနေဖြင့် ကူညီဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း။
မိမိတို့နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာကာလအတွင်း ကုန်သွယ်မှုပိုငွေ ၃၅ ဒသမ ၅၁ သန်းရှိခဲ့ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများကို ပြန်လည်စိစစ်ကြည့်သည့် အခါ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီနှင့် စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နို့ထွက် ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်သွင်းခဲ့ရ ကြောင်း၊ ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရေး အတွက် MSME လုပ်ငန်းများဖြင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများကို အောင်မြင်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းစီးပွားရေးဖြစ်သည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန် များရရှိနိုင်စေရန်ဖြစ် ကြောင်း၊ ပြည်တွင်းစီးပွားရေးကို အားပေးရန်အတွက် MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ် လုပ်မှုများ တိုးတက်လာမည်ဆိုပါက ပြည်ပသွင်းကုန် များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် အရည်အသွေးမြှင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပ ပို့ကုန်များ ရရှိမည်ဖြစ်သဖြင့် အလေးထားဆောင်ရွက် ကြရန်လိုကြောင်း။
ပြည်ပမှစက်သုံးဆီနှင့်စားသုံးဆီများ
တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်
ပြည်ပသွင်းကုန်နှင့်ပတ်သက်၍ စက်သုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်ရန် လိုအပ်နေသေး ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ကို ပိုမိုထုတ်လုပ်နိုင် ရန်အတွက် မိမိအနေဖြင့် တိုက်တွန်းပြောကြားခြင်း ဖြစ်ကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းမှုများ ကို လျှော့ချနိုင်ရန်လိုကြောင်း၊ စက်သုံးဆီများ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ ကုန်စည်များ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍လည်း ရထား ဖြင့် ပို့ဆောင်သည့်စနစ်ကို အဓိကထားဆောင်ရွက် မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို လျော့ကျစေမည် ဖြစ်ကြောင်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အားနည်းချက်များရှိနေသေးကြောင်း၊ စက်သုံးဆီ သုံးစွဲမှုလျှော့ချရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ အနေဖြင့် မိမိတို့၏နီးစပ်ရာအလိုက် စုပေါင်း အကောင်အထည်ဖော်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
စားသုံးဆီနှင့်ပတ်သက်၍ ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်ရန်အတွက် ပြည်တွင်းဆီထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဆီထွက်သီးနှံ များ၏ တစ်ဧကအထွက်နှုန်းကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဆီထုတ်လုပ်မှုများ ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆီထွက် သီးနှံများ အထွက်နှုန်း တိုးတက်စေရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီများ ပြည်ပမှ တင်သွင်းမှုကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြား ငွေသုံးစွဲမှုများ များစွာ လျော့ကျသွားမည်ဖြစ်ကြောင်း။
နိုင်ငံအတွက်လိုအပ်လျက်ရှိသည့်
စက္ကူများ ထုတ်လုပ်နိုင်ရန်လိုအပ်
မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များရှိကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများ နေ့စဉ် ရိုက်နှိပ်ထုတ်ဝေ နေသကဲ့သို့ မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် ကျောင်းသုံး စာအုပ်များအတွက် စက္ကူများလိုအပ်လျက်ရှိသဖြင့် ပြည်ပမှတင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် စက္ကူထုတ်လုပ်နိုင်သည့် သစ်နှင့်ဝါးများ အလျှံပယ် ရှိသကဲ့သို့ စက္ကူစက်ရုံများလည်းရှိပြီးဖြစ်ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စက္ကူများ ထုတ်လုပ်နိုင်မှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံ တွင်ရှိပြီးဖြစ်သည့် စက္ကူစက်ရုံများမှ စက္ကူများ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ အလားတူ စက္ကူ ပျော့ဖတ်များကိုလည်း ထုတ်လုပ်နိုင်ရန်လိုကြောင်း။
မိမိတို့နိုင်ငံ၌ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းများ တဖြည်းဖြည်းကျဆင်းလာကြောင်း၊ တရားမဝင်သစ် ထုတ်လုပ်မှုများ ပိုမိုများပြားလျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ သစ်တောများ ပြန်လည်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါးတော များစွာရှိကြောင်း၊ ဝါးများကိုအသုံးပြု၍ စက္ကူများကိုထုတ်လုပ်နိုင်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ် ကြောင်း၊ ပြည်နယ်နှင့်တိုင်းများအလိုက် ဝါးထုတ် လုပ်ရေးနှင့် ပတ်သက်၍ စနစ်တကျဖြင့် ဆောင်ရွက် ကြစေလိုကြောင်း၊ သစ်တောများ ပြန်လည်ဖုံးလွှမ်း ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ သစ်တောများ ပြန်လည်စိုက်ပျိုးရေးတွက် လာမည့် မိုးရာသီမှစ၍ အမျိုးသားရေးရည်မှန်းချက်အဖြစ် စီမံချက်ချမှတ်ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်တွင်း၌ စက္ကူများလုံလောက်စွာ ထုတ်လုပ်နိုင် ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ရန်လိုအပ် သကဲ့သို့ ပုဂ္ဂလိကနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။
ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများကို အကျိုးရှိစွာအသုံးချရန်လို
နိုင်ငံတော်အနေဖြင့် ကောက်ခံရရှိသည့် အခွန်ငွေများဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက် နေရခြင်းဖြစ်သဖြင့် ဝန်ကြီးဌာနအလိုက် သုံးစွဲငွေများ ကို စနစ်တကျဖြင့် စိစစ်သုံးစွဲကြရန်လိုပြီး မလိုလား အပ်သည့် ငွေကြေးသုံးစွဲမှုများ မရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများဆောင်ရွက်သည့် ဝန်ကြီးဌာနများအနေ ဖြင့် အရှုံးအမြတ်များရှိသော်လည်း တတ်နိုင်သမျှ အရှုံးမရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက် လိုအပ်မှုမရှိသည့် လုပ်ငန်း များကို ပြန်လည်စိစစ်ပြီး တင်ပြဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ သို့သော် ယခုအခါတွင် လိုအပ်ချက်အရသာ နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင် စွမ်းများ ကျဆင်းမှုမရှိအောင် ဆောင်ရွက်၍ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
အဖိုးတန်ရေကို ချွေတာသုံးစွဲရန်လိုအပ်
ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ယခင်နှစ် ကာလတူထက် မိုးရေချိန် နည်းပါးသော ကြောင့် အချို့သော ဆည်များအတွင်းသို့ ရေဝင် ရောက်မှုများ လျော့နည်းကြောင်း၊ ထို့ကြောင့် ဆည်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများ၌ သုံးစွဲရာ တွင် ထိထိရောက်ရောက်ဖြင့် စနစ်တကျ သုံးစွဲကြရန် လိုကြောင်း၊ ရေကို အဟောသိကံ သုံးစွဲခြင်းများ မပြုလုပ်ဘဲ ရေကိုချွေတာသုံးစွဲကြရန်လိုကြောင်း၊ လာမည့်နွေရာသီ၌ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးစသည့် မြေလတ်ဒေသများတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင် ကြောင်း၊ ထို့ကြောင့် ရေရှိရေးအတွက် တာဝန်ရှိသူ များက ကြိုတင်စဉ်းစားပြီး စီမံဆောင်ရွက်ထားကြရန် လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားရေး လုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြော ရေး၊ စားရေရိက္ခာပေါများရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “အဲ့ဒီတော့ ကျွန်တော့်ရဲ့ မူဝါဒမှာ ကျွန်တော်ပြောပြီးဖြစ်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့သည် တိုင်းပြည်က သာယာဝပြောရ မယ်။ စားရေရိက္ခာပေါများရမယ်။ ကျွန်တော်တို့ လက်ရှိအထွက်နှုန်းအရဆိုလို့ရှိရင် ဆန်လည်း ကျွန်တော်တို့ ပိုပါတယ်။ ပဲတွေ ကျွန်တော်တို့ နိုင်ငံခြား တောက်လျှောက်ပို့ပါတယ်။ ဆီထွက်သီးနှံ လည်း အလားတူ ပို့နေတာရှိပါတယ်။ အဲ့ဒီတော့ ဒီထက်ပိုအောင်လုပ်နိုင်ဖို့ ကျွန်တော်တို့ အခွင့်အလမ်း ရှိပါတယ်။ စောစောကပြောတဲ့ စိုက်ဧက ၃၃ သန်း၊ အဲ့ဒီစိုက်ဧက ၃၃ သန်းမှာ သီးထပ်တို့၊ သီးညှပ်တို့ ရအောင်စိုက်မယ်ဆိုရင် ကျွန်တော်တို့ အထွက်နှုန်း တွေ အများကြီး ပိုလာပါလိမ့်မယ်။ ကျွန်တော်က လည်း မူဝါဒကတော့ စိုက်ဧကမတိုးချဲ့ဖို့ ပြောထားပါ တယ်။ စိုက်ဧက ကတော့ မထိခိုက်ဖို့လိုပါတယ်။ လုပ်ချင်လို့ရှိရင် မြေကွက်ဖော်၊ အသစ်ဖော်ပြီးလုပ်ပါ။ စိုက်ပျိုးမြေတော့ လာမထိပါနဲ့။ အဲ့ဒီတော့ တစ်ဧက အထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်နဲ့လုပ်မယ်။ သီးထပ်စားရအောင် လုပ်မယ်၊ တိုးမြှင့်အောင်လုပ် မယ်ဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းပြည် ဒီထက်ဝင်ငွေ များစွာရမှာဖြစ်ပါတယ်။ သေချာပေါက်ဖြစ်ပါမယ်။ ဒါ့ကြောင့် ဒါကိုကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများရော၊ ဝန်ကြီးချုပ်များ ကနေပြီးတော့ အမြဲတမ်းထည့်သွင်းစဉ်းစားပြီးတော့ မှ ဦးစားပေးအနေနဲ့ စားရေရိက္ခာပေါများရေး၊ ထွက်လာ တဲ့ဟာ များများရောင်းရလို့ရှိရင် တိုင်းပြည်ဝင်ငွေရရင် တိုင်းပြည်သာယာဝပြောမှုဖြစ်မှာပဲ။ တိုင်းပြည် သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာ ဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးဖြစ် ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာ ပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေက တော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ် ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကလည်း ရှိသေးတာပေါ့။ ရည်မှန်းချက်က တကယ့်ကို တိုင်းပြည်အတွက်ဖြစ်သင့်တဲ့ ရည်မှန်း ချက်ပါ။ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာ ပေါများရေး။ ဒါကို ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် စားရေရိက္ခာပေါများရေးတော့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်များရော၊ ပြည်ထောင်စုဝန်ကြီးများ ရော သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ပေးကြဖို့ ကျွန်တော် ပြောလိုပါတယ်။ တိုင်းပြည်သာယာဝပြော ရေး ဆိုလို့ရှိရင်လည်း တရားဥပဒေစိုးမိုးရေးနဲ့ ခုနကပြောတဲ့ ထွက်ကုန်ပစ္စည်းတွေ များများလုပ်ပြီး တော့မှ ပြည်သူလူထုဝင်ငွေရရှိရေး၊ ပြည်သူလူထု ချမ်းသာရေးလုပ်ပေးဖို့က ကျွန်တော်တို့လုပ်ဖို့ လိုပါတယ်။ ဒါဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ အစိုးရရဲ့ တာဝန်ကျေတယ်လို့ ပြောချင်ပါတယ်။
အဲ့လိုမဟုတ်ရင်တော့ အစိုးရရဲ့ တာဝန်မကျေဘူး။ ကျွန်တော်တို့ လုပ်သွားတဲ့ဟာကို မှတ်ကျောက်တင် နေတာပဲ အခုအချိန်မှာ၊ နောင်တက်လာတဲ့အစိုးရ လည်း နောင်တက်လာတဲ့အချိန်မှာ ကျွန်တော်တို့ အစိုးရကို ဝေဖန်လိမ့်မယ်။ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ အစိုးရ ကျွန်တော်တို့ ဝေဖန်ခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်ကို ဝေဖန်ခဲ့တယ်။ အချို့ဟာတွေမှာ အရင် နဝတ၊ နယကတုန်းက ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာ ပြောခဲ့တာရှိတယ်။ အဲ့ဒီတော့ ကောင်းတဲ့ ပြောတဲ့ဟာမျိုးကို ခံနိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ ဒီဟာကို အောင်မြင်အောင် လုပ်မှရမယ်ဆိုတာ။ ကျွန်တော်ခုနကပြောတဲ့ အကုန်လုံးဆက်စပ်ပြီးတော့ ခြုံငုံပြီးတော့ ရှင်းပြတာပါ။ အသေးစိတ်ပြောမယ် ဆိုရင် အချက်အလက်တွေ အများကြီးရှိတယ်။ ပြောလို့ လည်း ပြီးမှာမဟုတ်ပါဘူး။ ဒါကြောင့် ဝန်ကြီးများကို ဒီနေ့အစည်းအဝေးမှာ ဒါလေးအလေးထားပြီးတော့ ကျွန်တော်မှာချင်ပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ သရုပ်ပြယာဉ်များ၊ ပြခန်းများ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နှစ်ပေါင်း ၇၅ နှစ်တွင် တစ်ကြိမ်သာရသည့် အခွင့်အရေးဖြစ်သည့်အတွက် ခမ်းနားထည်ဝါစွာ ဆောင်ရွက်နိုင် ရန် စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကို လည်း အဆင့်မီစွာ ကျင်းပနိုင်ရေးနှင့် အားကစား အဆင့်အတန်း ရေရှည်တိုးတက်ရေးအတွက်ပါ စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဝန်ထမ်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက အထက် အောက် နွေးထွေးစွာဆက်ဆံရန်နှင့် ကွပ်ကဲ အုပ်ချုပ်ရာတွင် ညီညွတ်မျှတသော အုပ်ချုပ်မှုစနစ် ဖြစ်ရန် လိုအပ်ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု များကိုလည်း အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများအောက်ရှိ လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဦးစီးဌာနများအနေဖြင့် ဝန်ကြီးဌာနကချမှတ်ပေး သည့် မူဝါဒများကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများ အနေဖြင့် မူဝါဒများကို မှန်ကန်စွာချမှတ်ပေးရန်နှင့် အမိန့်နှင့်ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင်လည်း ပီပြင်မှုရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်းများတွင် ရှိပြီးစက်ပစ္စည်း၊ ဝန်ထမ်းအင်အားဖြင့် ဌာနအလိုက် သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ မလိုအပ်ဘဲ ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင်စေခြင်း မပြုရန် လိုအပ်ကြောင်း၊ ဦးစီးဌာနနှင့် လုပ်ငန်းလုပ်ဆောင် သည့်ဌာန လုပ်ငန်းတာဝန်အလိုက် မှန်ကန်စွာ လုပ်ဆောင်ရန် လိုကြောင်း၊ လုပ်ခလစာတိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ တိုင်းပြည်၏ စီးပွားရေးမတိုးတက်ဘဲ ဆောင်ရွက်ပေး၍မရပါကြောင်း၊ သို့ဖြစ်၍ ဝန်ကြီး ဌာနအလိုက် တာဝန်ရှိသူများက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရသင့်ရထိုက်သည့် ဝင်ငွေများ အပြည့်အဝရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
လျှပ်စစ်မီးသုံးစွဲမှုနှင့်စပ်လျဉ်း၍ အမှန်တကယ် လိုအပ်သလောက်သာ သုံးစွဲကြရန်နှင့် ရုံး၊ ဌာန၊ ဆေးရုံ၊ ကျောင်းများတွင် သဘာဝအလင်းရောင်ရရှိ စေရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်သူ များနှင့် ပူးပေါင်းပြီး မြို့ရွာသန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရား ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး အတွက် ဖိဖိစီးစီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ဧက အမှန်ရရှိရေး စီမံဆောင်ရွက်ကြရန် လိုအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်စိစစ်သွားရန် လိုအပ်ကြောင်း။
ဝါးထုတ်လုပ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်ဝါးအလုံးရေ ၂၆၅ သန်းခန့် ထုတ်လုပ် နိုင်မည်ဟု ခန့်မှန်းထားပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့သည် ဝါးအများဆုံး ထုတ်လုပ် နိုင်သည့် ဒေသများဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးမှ ထွက်ရှိသည့်ဝါးများကို ပျော့ဖတ်အဖြစ် ထုတ်လုပ် မည်ဆိုပါက ပျော့ဖတ်တန်ချိန် ၄ သန်းခန့်ရရှိနိုင်မည် ဖြစ်ကြောင်း၊ ယင်းပျော့ဖတ်များဖြင့် နိုင်ငံတော် အတွက် လိုအပ်သည့်စက္ကူကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဖြစ်သကဲ့သို့ ပြည်ပနိုင်ငံများသို့ လည်း ပျော့ဖတ်များ တင်ပို့ရောင်းချနိုင်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ နိုင်ငံအတွင်း တည်ဆောက်ထား ရှိသည့် စက္ကူစက်ရုံများ လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းတွက်ချက် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
ပြည်ပပို့ကုန်ဆန် အထွက်နှုန်း ကောင်းမွန် တိုးတက်စေရန်အတွက် အထွက်နှုန်း ကောင်းမွန် သည့် မျိုးစပါးများကို သတ်မှတ်ထားသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် သီးထပ်စိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ လိုအပ် ချက်များကို သိရှိအောင်ကြိုးစားပြီး နိုင်ငံခြားဈေးကွက် ရရှိအောင်ဖော်ဆောင်၍ နိုင်ငံ၏စီးပွားရေး တိုးတက် အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်