ယခုကာလအတွင်း မိမိကိုယ်တိုင်နှင့် မိသားစုကြောင့် မိမိအဖွဲ့အစည်း၏ ပုံရိပ်များ ပျက်ယွင်းကျဆင်းမှုမရှိစေရေး လိုက်နာစောင့်ထိန်း

နေပြည်တော် မတ် ၁၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့ရှိ တပ်နယ်ခန်းမ၌ ကလောတပ်နယ်နှင့် အောင်ပန်း တပ်နယ်မှ အရာရှိ/စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ကလောတပ်နယ်နှင့် အောင်ပန်းတပ်နယ် မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအကြိုကာလ ပါတီများမဲဆွယ်စည်းရုံးမှု အခြေအနေ၊ ရွေးကောက်ပွဲအခြေအနေ၊ ရွေးကောက်ပွဲ ပြီးစီးသည့် နောက်ပိုင်းအခြေအနေများအား လည်းကောင်း၊ မဲပေးခွင့်ရှိသူ ၃၉ ဒသမ၂ သန်းကျော်အနက် ၁၀ ဒသမ ၄ သန်းအထိ ကြီးမားစွာ မဲစာရင်းမှားယွင်းခြင်း ဖြစ်ပေါ် ခဲ့သည့် အခြေအနေများ၊ နစ်နာသူ ပြည်သူများနှင့် ပါတီများမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အဆိုပါမဲစာရင်း မှားယွင်းမှုဖြစ်ပေါ်ခဲ့သည့် အခြေ အနေများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့မှု အခြေအနေများ၊ တောင်းဆိုချက်အပေါ် ဦးလှသိန်း ဦးဆောင်သည့် ပြည့်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လျစ်လျူရှုမှု အခြေအနေများ၊ ဒုတိယအကြိမ် လွှတ်တော်အတွင်း မဲစာရင်းမှားယွင်းခြင်း ဖြစ်ပေါ် နေမှုကို ဆွေးနွေးနိုင်ရေး အထူး အစည်းအဝေး တောင်းဆိုမှုကို လည်း ပြည်ထောင်စုလွှတ်တော် နာယကမှ ပယ်ချခဲ့မှု အခြေအနေ များ၊ နောက်ဆုံးအဆင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌ ရှင်းလင်း ဆွေးနွေးခွင့်ပြုရန် ၂ ကြိမ် တိုင်တိုင် တောင်းဆိုမှုကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လုံးဝလက်မခံဘဲ ပယ်ချခဲ့သည့် အပြင် ကိုယ်ရေးစာဖြင့် မဲစာရင်း မှားယွင်းမှုများ စိစစ်ပေးရန်၊ စိစစ်ရာတွင် UEC အသစ်ဖွဲ့စည်း၍ ဆောင်ရွက်ပေးရန်၊ စိစစ်ဆဲကာလ အတွင်း လွှတ်တော်အသစ် ခေါ်ယူမှု ဆိုင်းငံ့ပေးရန်၊ နိုင်ငံတော်သမ္မတမှ ယခုတင်ပြ ချက်အပေါ်အချိန်မီ ဖြေရှင်းပေး နိုင်ရေးတောင်းဆိုခဲ့မှုအပေါ်တွင် လည်း လက်မခံသည့် အခြေအနေ များအပြင် မဲစာရင်း ၁၀ ဒသမ ၄ သန်းကျော် မှားယွင်းနေမှုအား သံသယ ကင်းရှင်းစေရေး ဆောင်ရွက်ပေးခြင်း မရှိဘဲ တတိယအကြိမ် လွှတ်တော် အသစ် အစည်းအဝေး ကျင်းပ ပြုလုပ်၍ နိုင်ငံတော်၏ အာဏာ (၃) ရပ်အား မတရားနည်းဖြင့် ရယူရန် ကြိုးပမ်းလာမှုတို့ကြောင့် တပ်မတော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ခုနှစ်ကို ဖျက်သိမ်း ခြင်းမရှိဘဲ ပုဒ်မ-၄၁၇၊ ပုဒ်မ-၄၁၈ အရ အရေးပေါ်အခြေအနေ ကြေညာ၍ အာဏာ(၃)ရပ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကာလ သတ်မှတ်ချက်အတွင်း ရယူ ဆောင်ရွက်ရသည့် အခြေအနေ များ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ် အကောင်အထည်ဖော် ဆောင် ရွက်နေမှုအခြေအနေများ၊ လက်ရှိ ဖြစ်ပေါ်နေသည့် မင်းမဲ့စရိုက်ဆန် သည့် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များအပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ရုန်းရင်း ဆန်ခတ်မှု လက်စွဲဥပဒေ (၁၉၅၆) ခုနှစ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူစုလူဝေးအား ကြီးကြပ် ထိန်းသိမ်းခြင်း လက်စွဲစာစောင် (၂၀၁၅) ခုနှစ်ပါ ပြဋ္ဌာန်းဥပဒေ များနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ ဝင်များက အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်မှစ၍ ဖြေရှင်း ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းအချို့ CDM တွင် နားယောင် ပါဝင်ခဲ့ခြင်းကြောင့် လူမှုစီးပွားဘဝ နစ်နာဆုံးရှုံးနေမှု အခြေအနေများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် နေထိုင်စေရေးအပြင် ယခုကာလအတွင်း မိမိကိုယ်တိုင် နှင့် မိသားစုကြောင့် မိမိအဖွဲ့ အစည်း၏ပုံရိပ်များ ပျက်ယွင်း ကျဆင်းမှုမရှိစေရေး၊ လိုက်နာ စောင့်ထိန်းရမည့် အခြေအနေ များအား အသေးစိတ်ရှင်းလင်း မှာကြားသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ကလောတပ်နယ်နှင့် အောင်ပန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက် ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ် ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် တွေ့ဆုံပွဲသို့ တက်ရောက် လာသော အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်