
မန္တလေး ဒီဇင်ဘာ ၁၉
ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆည်တော် ကြီးရေလှောင်တမံမှ နွေစပါးနှင့် အခြားသီးနှံစိုက် ဧက ၆၈၀၀၀ ကျော်တို့အတွက် ဆည်တော် ကြီးရေလှောင်တမံမှ ရေပြည့်ဝ စွာ သိုလှောင်ထားပြီးဖြစ်၍ တောင်သူများအတွက် ဖေဖော်ဝါရီ လ ပထမပတ်မှစပြီး စိုက်ပျိုးရေ ပြည့်ဝစွာပေးဝေသွားမည် ဖြစ် ကြောင်း မတ္တရာမြို့နယ် ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆည်တော်ကြီးရေ လှောင်တမံအတွင်း ရေလှောင် ပမာဏမှာ ၃၆၀၀၀၀ ကျော်ဧက ပေရှိပြီး အသုံးပြုနိုင်သော ရေ ပမာဏမှာ ၃၃၀၀၀၀ ကျော် ဧက ပေရှိကြောင်း၊ ထို့ကြောင့် ရေ လက်ကျန်ပမာဏ ပေါ်မူတည်၍ ယခု ဘဏ္ဍာနှစ်တွင် နွေစပါး ၆၇၄၆၉ ဧကနှင့် အခြားသီးနှံ ၁၁၆၂ ဧက လျာထားပြီး တောင်သူ များစိုက်ပျိုးမည့် နွေသီးနှံများ အတွက် ရေပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း၊ ဆည်ရေ သောက်ဧရိယာအတွင်းရှိ မြို့နယ် သုံးမြို့နယ်ကို ပေးဝေသွားမည်ဖြစ် ကြောင်း မတ္တရာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်စိုးက ပြောသည်။
“ရေလှောင်တမံ ကနေပြီး တော့ နွေသီးနှံစိုက်ပျိုးမယ့် တောင်သူတွေအတွက် ရေပြည့်ဝ စွာပေးသွားမှာပါ။ စိုက်ပျိုးမယ့် တောင်သူတွေရဲ့ သီးနှံတွေ ရေအပြည့်အဝနဲ့ စိုက်ပျိုးနိုင်ပြီး တော့ အကျိုးစီးပွားတွေဖြစ်ထွန်း စေဖို့ ပေးဝေသွားမှာပါ။ ရေပြည့်ဝ စွာပေးဝေနိုင်ဖို့အတွက် ဆည် တော်ကြီး ရေလှောင်တမံမှာ စိုက်ပျိုးရေ သိုလှောင်ထားရှိပြီး ဖြစ်ပါတယ်။ နွေစပါးစိုက် တောင်သူတွေ ရေပြည့်ဝစွာနဲ့ စိုက်ပျိုးသွားနိုင်မှာပါ။ အခြား သီးနှံစိုက်ပျိုးတဲ့ဧက အနေနဲ့ မတ္တရာမြို့နယ်မှာပဲ စိုက်ပျိုးတာ ပါ” ဟု ၎င်းကပြောသည်။
ယခု ဘဏ္ဍာနှစ်တွင် မန္တလေး ခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း စိုက် ပျိုးမည့် နွေစပါးစိုက်ဧကများမှာ မတ္တရာမြို့နယ်တွင် နွေစပါး ၄၂၂၂၅ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် နွေစပါး ၁၉၀၆၆ ဧက၊ အမရပူရ မြို့နယ်တွင် ၆၁၇၈ ဧက စုစုပေါင်း နွေစပါးစိုက်ဧက ၆၇၄၆၉ ဧက နှင့် အခြားသီးနှံစိုက်ဧက ၁၁၆၂ ဧကတို့ကို စိုက်ပျိုးနိုင်ရန်လျာထား ပြီး အပြည့်အဝရေပေးဝေနိုင်ရန် အတွက် ဆည်တော်ကြီးရေလှောင် တမံမှ ဆည်ရေကို သိုလှောင်ထား ရှိပြီးဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)