YBS ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

 

ရန်ကုန်   စက်တင်ဘာ   ၆


ကိုဗစ်-၁၉   ရောဂါ  ကာကွယ်  ထိန်းချုပ်နိုင်ရေးနှင့်   ဘေးအန္တရာယ် ကင်းရှင်း ဝန်ဆောင်မှုကောင်းသော YBS  စနစ်ဖြစ်ပေါ်စေရေးအတွက်  ရန်ကုန်တိုင်းဒေသကြီး      ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ  (YRTC)   မှ  YBS  ယာဉ်မောင်းများနှင့်   ခရီးသွားပြည်သူ များအား  နှာခေါင်းစည်းများ  အခမဲ့ဖြန့်ဝေပေးခြင်းကို  ယနေ့မွန်းလွဲ ၃  နာရီက  ဆူးလေမှတ် (မြို့တော်ခန်းမရှေ့)  နှင့်  လေးထောင့်ကန် လမ်းမကြီး (စံပြစျေးမှတ်တိုင်) တို့၌ ဆောင်ရွက်သည်။

 


အဆိုပါ   Mask  Campaign  ဆောင်ရွက်ရာတွင်  ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး  ဦးလျန်ကျင့်မန်နှင့်အဖွဲ့က  ဆူးလေမှတ်တိုင်     (မြို့တော်ခန်းမရှေ့) ၌  နှာခေါင်းစည်း  ၅၀၀၀ နှင့် လေးထောင့်ကန်လမ်းမ ကြီး(စံပြစျေးမှတ်တိုင်) ၌  နှာခေါင်းစည်း  ၅၀၀၀  အခမဲ့ဖြန့်ဝေပေးသည်။

 


ရန်ကုန်တိုင်းဒေသကြီးအတွင်း  တစ်ရက်လျှင် YBS ယာဉ်လိုင်း ၁၁၆  လိုင်း၊  ယာဉ်စီးရေ  ၃၂၅၀  ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိရာ တစ်ရက်လျှင် လိုက်ပါစီးနင်းကြသည့် ခရီးသည်ဦးရေမှာ ၁၃ သိန်း     ဝန်းကျင်အထိရှိကြောင်း‌ သိရသည်။

      
     အာကာလင်း