YBS ယာဉ်မောင်းများ စိတ်ဓာတ်ရေးရာပြောင်းလဲရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေး

ရန်ကုန်   ဇူလိုင်   ၈
ရန်ကုန်မြို့အတွင်း ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ပိုမို ထွန်းကားလာစေရန် ရည်ရွယ်ကာ YBS ယာဉ်မောင်းများ စိတ်ဓာတ်ရေးရာ ပြောင်း လဲရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေ ရေး အသိပညာပေးဆွေးနွေးပွဲကို ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ကြီး မှူး၍ ရန်ကုန်မြို့ရှိ YRTC ရုံးချုပ် အစည်း အဝေးခန်းမ၌ ဇူလိုင် ၇ ရက်က ကျင်းပ ခဲ့သည်။ 
အဆိုပါ ဆွေးနွေးဖလှယ်ပွဲကို အမှတ် စဉ်(၁/ ၂၀၂၁)အဖြစ်  စတင်ကျင်းပခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ယာဉ်မောင်း ၅၀ ဖြင့်သာ စတင်ခဲ့ကာ ဆွေးနွေးဖလှယ်ပွဲသို့ ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီး ကြပ်မှုကော်မတီ (YRTC) ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ 
အစဉ်သတိပြု ဆင်ခြင်မောင်းနှင်ရန်
ဆွေးနွေးပွဲတွင် YRTC ဒုတိယ ဥက္ကဋ္ဌ က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်း ရှင်းရေးသည် ခရီးသွားပြည်သူများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသည့် လုပ် ငန်းဖြစ်ကြောင်း၊ YRTC သည် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးယာဉ်များကို ကြီး ကြပ်နေသည့်အဖွဲ့ ဖြစ်ခြင်းကြောင့် YBS ယာဉ်မောင်းများ၊   အငှားယာဉ်(Taxi) မောင်းများ၊   အဝေးပြေးနှင့်   ကုန်စည် ပို့ဆောင်ရေး ယာဉ်မောင်းများအနေဖြင့်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ထိန်းသိမ်းမောင်းနှင်ကြစေရန် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ် ထိန်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ယာဉ်/ လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့   (MORS) စသည့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်နေပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း ကာ ယာဉ်မောင်းများ၏ စိတ်ဓာတ်ရေးရာ မြင့်မားပြောင်းလဲလာရန်၊ အစဉ်သတိပြု ဆင်ခြင်မောင်းနှင်ရန်နှင့် ဝန်ဆောင်မှု ကောင်းကောင်းဖြင့် ခရီးသည်များ လိုရာ ခရီးကို  အန္တရာယ်ကင်းစွာ  မောင်းနှင် ပို့ဆောင်ပေးသည့် ယာဉ်မောင်းကောင်း များ ဖြစ်လာစေရန် ဆွေးနွေးပွဲများ စီစဉ် ကျင်းပရခြင်းဖြစ်ကြောင်း  ပြောကြား သည်။ 
စိတ်ဓာတ်ရေးရာ
 ပြင်ဆင်ပြောင်းလဲရေး
အဆိုပါ အသိပညာပေး ဖလှယ်ပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေ၊ ဘတ်စ်ကားမောင်းသူ များလိုက်နာရမည့် အချက်များကိုလည်း ကောင်း၊  ယာဉ်ထိန်းရဲတပ်ဖွဲ့က  ယာဉ် တိုက်မှုများဖြစ်ပွားရသည့် အကြောင်း ရင်းများနှင့်   ရာဇသတ်ကြီးပုဒ်မများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ   တာဝန် ရှိသူက နိုင်ငံတကာတွင် ယာဉ်မောင်းများ မောင်းနှင်နေသည့် အခြေအနေနှင့် ယာဉ် မောင်းများ စိတ်ဓာတ်ရေးရာ ပြင်ဆင် ပြောင်းလဲရေးကိုလည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန် ထားသော  စည်းကမ်းများ၊  အရေးယူ ဆောင်ရွက်မှုများကိုလည်းကောင်း ဆွေး နွေးပို့ချကြသည်။ 
အဆိုပါ YBS ယာဉ်မောင်းများ စိတ် ဓာတ်ရေးရာပြောင်းလဲရေးနှင့်   ယာဉ် အန္တရာယ်ကင်းရှင်းရေး အသိပညာ ဖလှယ် ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ ယာဉ်မောင်း ၅ဝ ဖြင့် ကနဦး ပထမဆုံးနေ့အဖြစ် စတင်ပြုလုပ်ခဲ့ပြီး နောက်ရက်များတွင်လည်း   ကာကွယ် ဆေးထိုးထားပြီးသော ယာဉ်မောင်းများ ဖြင့်သာ ကိုဗစ် စည်းကမ်းချက်များနှင့် အညီ  ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
မြင့်မိုရ်၊ ဓာတ်ပုံ- မိုးမခ