
ရန်ကုန် မေ ၄
ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီနှင့် ဆပ် ကော်မတီလေးခုတို့၏ ညှိနှိုင်းအစည်းအဝေး အား ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး ခန်းမ(၃)၌ ကျင်းပသည်။
YBS ယာဉ်လိုင်းများအားလုံး CCTV နှင့် Telematics စနစ်များမဖြစ်မနေတပ်ဆင်ရန်၊ YBS ယာဉ်များကြံ့ခိုင်မှုရှိရေး စစ်ဆေးရန်၊ ပြည်သူအများဆုံးအသုံးပြုသည့် မီးပွိုင့်နေရာ များကို ဆိုလာစနစ်ဦးစားပေးတပ်ဆင်ရန်၊ လမ်းညွှန်အမှတ်အသားများ၊ အချက်ပြစနစ်များ၊ဆိုင်းဘုတ်များဆောင်ရွက်ကြရန်၊ ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်မောင်းများအား အမှန်တကယ် ကျွမ်းကျင်စွာမောင်းနိုင်မှ ယာဉ်မောင်း လိုင်စင်ထုတ်ပေးရန်၊ တိုင်းဒေသကြီး အတွင်း ပြင်ပမြို့နယ်များရှိ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ ပညာပေးကာလ ကျော်လွန်လာပြီဖြစ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရေး ဆောင်ရွက်ရန်၊ လူကူးခုံးကျော်တံတား များကို အသုံးပြုရေးအသိပညာပေးခြင်း ဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် လူသေပျောက် မှုမရှိရေး ဝိုင်းဝန်းစဉ်းစားပြီး ဆောင်ရွက် ကြရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီး ချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ အတွင်းရေးမှူး ဦးသိန်းထွဋ် က ပြီးခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက် အပေါ် ဖတ်ကြားတင်ပြခြင်းနှင့် သက် ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြသည်။
ဆွေးနွေး
ယင်းနောက် စီမံခန့်ခွဲရေးဆပ် ကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေး အရေးယူရေးဆပ်ကော်မတီ၊ သုတေသန ပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့၏ ဥက္ကဋ္ဌများ က ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)