YBS ယာဉ်အစီး‌ရေ ၅၀၀၀‌ ကျော်အား တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်ခြင်းမရှိစေရေး စတစ်ကာကမ်ပိန်းပြုလုပ်

 

ရန်ကုန်    မတ်   ၁၅


ခရီးသွားပြည်သူများ   ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ် ကာ    ရန်ကုန်တိုင်းဒေသကြီး   ယာဉ် အန္တရာယ်၊  လမ်းအန္တရာယ်  ကင်းစင်ရေး ကောင်စီ  (YRSC) ၏   လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က   YBS ယာဉ်များ   တစ်စီးနှင့်တစ်စီး ကျော်တက် မောင်းနှင်ခြင်းမပြုရ   စတစ် ကာ ကမ်ပိန်းပြုလုပ်ခြင်းကို  ယနေ့ နံနက် ၈ နာရီက ဆူး‌လေမြို့‌တော်ခန်းမ‌ရှေ့ နှင့်   သခင်မြပန်းခြံတို့၌  ပြုလုပ်သည်။

 


“ကျွန်‌တော်တို့  ဖေဖော်ဝါရီ ၁ ရက် ကတည်းက အ‌ရေးယူမှု‌တွေပါ ပူးတွဲပြုလုပ်‌ နေတာပါ။ YBS ယာဉ်တွေ တစ်စီးနဲ့တစ်စီး အပြိုင်‌ကျော်တက် မောင်းနှင်နေတာကခရီးသွားပြည်သူ‌တွေကို အန္တရာယ်ဖြစ်တာနဲ့ ယာဉ်ကြောကျပ်ပြီး ရှုပ်‌ထွေးမှု‌ဖြစ်‌စေပါတယ်။ အတင်း‌ကျော် တက်တဲ့အခါ လမ်းကူးသူ‌တွေ ကို မမြင်ဘဲ  ဝင်တိုက်မိတာ‌တွေ  ဖြစ်တတ်ပါ တယ်။   အဲ့ဒါ‌ကြောင့်   ဒီစတစ်ကာကိုကပ်တဲ့ အခါမှာ  ယာဉ်မောင်းရဲ့   မျက်စိ‌ရှေ့အပေါ် ဘက်‌လေကာနားမှာ   ကပ်‌ပေးတာပါ။   YRTC ရဲ့    ပြဋ္ဌာန်းထားတဲ့   စည်းကမ်း  ၁၃၈  ချက် ထဲကအတိုင်း    တစ်ခါ‌ကျော်တက်ရင်     ကျပ် တစ်‌သောင်းဒဏ်တပ်ပါတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး  ဦးလျန်ကျင့်မန်က ပြောသည်။ 

 


YBS   ယာဉ်များ‌   ကျော်တက်‌မောင်းနှင် ခြင်း  ပြု  မပြုကို  သိရှိနိုင်ရန်လည်း  မီးပွိုင့်များ နှင့် လမ်းမီးတိုင်များတွင်‌ စောင့်ကြည့်ဖမ်းဆီး နိုင်သည့် Telematic System များ တပ်ဆင် ထားပြီး      YTO   Control   Center   မှလည်း‌ ‌စောင့်ကြည့်ဖမ်းဆီးလျက်ရှိ‌ကြောင်း သိရသည်။ အဆိုပါကမ်ပိန်းကို YBS ယာဉ်အစီး‌ရေ ၅၀၀၀‌ ကျော်    တပ်ဆင်သွားမည်ဖြစ်ပြီး    ဘတ်စ် မှတ်တိုင်များရှိ     မျဉ်းဝါကွက်များအတွင်း အခြားယာဉ်ငယ်များနှင့်  YBS ယာဉ် မဟုတ် သည့်ယာဉ်များ   ဝင်‌ရောက်ရပ်တန့်သည်ကို‌ စောင့်ကြည့်ဖယ်ရှားသည့်အဖွဲ့များနှင့်YRTC၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ပူး‌ပေါင်း ပါဝင်‌လုပ်‌ဆောင်နေကြောင်း သိရသည်။


သတင်း-အာကာလင်း၊ ဓာတ်ပုံ - နိုင်လင်းအောင်