YBS ခရီးသည်တင်ယာဉ်များပေါ်တွင် ခရီးသွားများ ကြိုတင်ကာကွယ်သတိပြုမိစေရန် “ခါးပိုက်နှိုက်သတိပြု” စာတန်းပါ စတေကာများ ကပ်နှံသွားမည်ဟုသိရ

ရန်ကုန်   မေ    ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့်    ခရီးသည် တင် YBS ယာဉ်များအားလုံး ၂၀၂၄ ခုနှစ်  ဇွန် ၃၀ ရက်နောက်ဆုံးထား ကာ  CCTV  ကင်မရာများ တပ်ဆင် ရမည်ဖြစ်ပြီး  တပ်ဆင်ခြင်း   မရှိ ပါက    ထိရောက်စွာ     အရေးယူ သွားမည်ဖြစ်ကြောင်း      ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး    ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ(YRTC)၌ ပြုလုပ်သည့်  စာနယ်ဇင်းရှင်းလင်း ပွဲမှ သိရသည်။
YBS ခရီးသည်တင်ယာဉ်များ ပေါ်တွင် ဓားထောက်လုယက်ခြင်း၊ အုပ်စုဖွဲ့၍    ခါးပိုက်နှိုက်ခြင်းများမကြာခဏ  လူမှုကွန်ရက်စာမျက် နှာများတွင်    တွေ့ရှိနေရသည့် အတွက် YBS ခရီးသည်တင်ယာဉ် များပေါ်တွင်  ခရီးသွားပြည်သူ များ  ကြိုတင်ကာကွယ်သတိပြုမိ စေရန်     “ခါးပိုက်နှိုက်သတိပြု” စာတန်းပါ စတေကာများလည်း ကပ်နှံသွားမည်ဖြစ်သည်။
“ခါးပိုက်နှိုက်တဲ့ယာဉ်တွေကို ကျွန်တော်တို့    သုံးသပ်ကြည့်တဲ့ အခါမှာ   CCTV    မတပ်ရသေးတဲ့ ယာဉ်တွေမှာ     ဖြစ်တာများတာ တွေ့ရှိရပါတယ်။ CCTV တပ်ထား တဲ့ယာဉ်တွေပေါ်မှာ  နှိုက်လို့ရှိရင် CCTV ကိုကြည့်ပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးတော့ ဖမ်းတာ တွေရှိပါတယ်။ အဲဒါကြောင့် CCTV မတပ်ရသေးတဲ့ ယာဉ်လိုင်းအားလုံး ကို ဇွန်  ၃၀ ရက်  နောက်ဆုံးထား ပြီးတော့ CCTV တပ်ဖို့  ညွှန်ကြား ထားပါတယ်။ တပ်ဆင်ခြင်းမရှိရင် ယာဉ်လိုင်းပိတ်တဲ့အထိ အရေးယူ တာတွေ    ဖြစ်ရင်ဖြစ်သွားနိုင်ပါ တယ်။ တပ်ပါလို့ ညွှန်ကြားထား တာ နှစ်နဲ့ချီပြီလည်းဖြစ်ပါတယ်။ သူတို့က   အကြောင်းအမျိုးမျိုး ပြပြီး     မတပ်တာတွေရှိပါတယ်။ ဇွန် ၃၀ ရက်  နောက်ဆုံးထားမတပ် လို့ရှိရင်တော့ ထိထိရောက်ရောက် အရေးယူဖို့ရှိပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)     တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က       ပြောသည်။
ရန်ကုန်တိုင်း       ဒေသကြီး ပုဂ္ဂလိက    သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) သည်   YBS ခရီးသွားပြည်သူများ အဆင်ပြေ စေရေးအတွက်          ခရီးစဉ် လမ်းကြောင်းပြ   YBS   လမ်းညွှန် မြေပုံစတေကာများကို YBS ယာဉ် များပေါ်တွင်ကပ်နှံရန်   စီမံဆောင် ရွက်ပေးလျက်ရှိရာ YUPT ကုမ္ပဏီ မှ   ယာဉ်လိုင်း  ၂၄  လိုင်း၊  YBPC ကုမ္ပဏီမှ   ယာဉ်လိုင်း ၁၄  လိုင်း၊ ဗန္ဓုလကုမ္ပဏီမှ      ယာဉ်လိုင်း ကိုးလိုင်း၊  လူထုမိတ်ဆွေကုမ္ပဏီမှ ယာဉ်လိုင်း ခြောက်လိုင်း၊ ရွှေတောင် ပိုင်းကုမ္ပဏီမှ ယာဉ်လိုင်း  ခြောက် လိုင်း၊ ကုန်းဘောင်ရန်ကုန်ကုမ္ပဏီ မှ   ယာဉ်လိုင်း နှစ်လိုင်း၊   ပြည်စံသူ ကုမ္ပဏီမှ   ယာဉ်လိုင်း   ၁၀  လိုင်း စုစုပေါင်းယာဉ်လိုင်း ၇၁ လိုင်းတွင် စတေကာများ    တပ်ဆင်ပြီးဖြစ် ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အဆင်ပြေ စေရန်   နေ့စဉ် YBS ယာဉ်လိုင်း ၁၃၁ လိုင်းမှ ယာဉ်အစီးရေ ၃၈၀၀၊ ၄၀၀၀ ဖြင့် ခရီးသည် ၁၆ သိန်း ခန့်အား   သယ်ဆောင်ပေးလျက်ရှိ ကြောင်း သိရသည်။

အာကာလင်း