YBS ခရီးသွားပြည်သူများ ငွေပေးချေကတ် တွင်ကျယ်စွာ ပြန်လည်အသုံးပြုနိုင်ရေး YRTC မှ စတင်ဆောင်ရွက်ပေးမည်

ရန်ကုန်   ဒီဇင်ဘာ   ၁၉


လူဦးရေထူထပ်များပြားပြီး စီးပွားရေး အချက်အချာကျသော ရန်ကုန်မြို့ကြီးတွင် နေ့စဉ် သိန်းနှင့်ချီ စီးနင်းလိုက်ပါလျက် ရှိသော YBS ခရီးသည်များ ပိုမိုအဆင်ပြေ နိုင်ရေးအတွက် ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ ဦးဆောင် ကာ အလွယ်တကူ ငွေးပေးချေနိုင်သော YPS ကတ်စနစ်ကို တွင်ကျယ်စွာ ပြန်လည် အသုံးပြုနိုင်ရေး  စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း YRTC ရုံးမှ သိရသည်။ 


“ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူ တွေအနေနဲ့ လတ်တလော YBS ယာဉ်လိုင်း အချို့ရဲ့    ကားတွေကြောင့် စိတ်အနှောင့် အယှက်ဖြစ်နေရတယ်ဆိုတာ ပြည်သူများ ရဲ့   တိုင်ကြားမှုတွေအရ  ကျွန်တော်တို့ သိနေရပါတယ်။ တချို့က ငွေပုံးတွေ အသုံး မပြုတော့ဘဲ  လူကိုယ်တိုင်တောင်းတာ တွေ၊    တချို့ယာဉ်တွေက    ယာဉ်ပို နောက်လိုက်တွေထားပြီး ပိုတောင်းတာ တွေ၊   အထူးသဖြင့် သတ်မှတ်နှုန်းထား ထက် နှစ်ဆတောင်းတာတွေ အခက်အခဲ မျိုးစုံပါပဲ။  ခရီးသွားပြည်သူတွေ ကြုံတွေ့ နေရတဲ့ အဲဒီအခက်အခဲမျိုးစုံ ကျော်လွှား နိုင်ဖို့ YRTC က ဦးဆောင်ပြီးတော့ ယခင် က အသုံးပြုခဲ့တဲ့ YPS ကတ် စနစ်တကျ တွင်ကျယ်စွာ   ပြန်လည်အသုံးပြုနိုင်ရေး ကို   စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။  လာမယ့်တစ်ပတ်အတွင်းမှာ စတင်   အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်”ဟု  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။ 


ခြောက်သောင်းကျော်


ရန်ကုန်မြို့တွင် YBS ခရီးသည်ယာဉ် လိုင်းမှ   ယာဉ်များတွင် YPS ငွေပေးချေ ကတ် အသုံးပြုမှုကို ၂၀၁၉ နှစ်ဦးပိုင်းမှ စတင်ခဲ့ပြီး  ငွေပေးချေကတ်  စုစုပေါင်း ခြောက်သောင်းကျော်ကို ခရီးသွားပြည်သူ များ ဝယ်ယူအသုံးပြုကာ ယာဉ်အစီးရေ ၁၉၀၀ ကျော်တွင် အသုံးပြုခဲ့ကြသည်။ ယင်းအသုံးပြုမှု တွင်ကျယ်စပြုနေချိန်တွင် ကမ္ဘာ့ကပ်ရောဂါ   ကိုဗစ်-၁၉  ကြောင့် အချိန်တန့်ခဲ့၍ ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒုတိယ အကြော့ကို    ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ် မှုကော်မတီ(YRTC)က   ဦးဆောင်ကာ စတင်ဆောင်ရွက်မည် ဖြစ်သည်။


    စတင်ဆောင်ရွက်ခြင်းဖြစ်


ရန်ကုန်မြို့တွင်း  YBS  ယာဉ်လိုင်း အချို့၏  ယာဉ်များမှာ သတ်မှတ်ထားသော စည်းကမ်းချက်များအား      ကျော်လွန် လုပ်ဆောင်နေခြင်းကြောင့် လတ်တလော တွင်   ယာဉ်စီးရေ   ၅၀၀  ကျော် နှစ်ချီ ပိတ်သိမ်းရပ်နားသည်အထိ    အရေးယူ ထားပြီးဖြစ်သည်။ သို့သော် အချို့ယာဉ် များမှာ  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး      ကြီးကြပ်မှု ကော်မတီ(YRTC)မှ   ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်းမရှိဘဲ အမျိုးမျိုးအဖုံဖုံ ကျူးလွန်လျက်ရှိသည်။ လိုက်နာသည့် YBS ယာဉ်လိုင်းများရှိသကဲ့ သို့  မလိုက်နာသည့်  ယာဉ်လိုင်းများကို လည်း YRTC အနေဖြင့် ဆင့်ကဲဆင့်ကဲ အကြိမ်ကြိမ်သတိပေးကာ  လိုက်နာမှုမရှိ တော့သဖြင့် ပြေးဆွဲမှုကို ရပ်နားသည် အထိ  ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ယင်းသို့ ပိတ်သိမ်းအရေးယူမှုတွင် အပိုယာဉ်နောက်လိုက်များ    လိုက်ပါ၍ သတ်မှတ်နှုန်းထားထက်  ပိုမိုတောင်းခံ နေမှုများမှာ အများဆုံးဖြစ်သဖြင့် ယခု ကဲ့သို့ YPS ငွေပေးချေကတ်ကို ပြန်လည် အသုံးပြုနိုင်ရေး  စတင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။


အခမဲ့ ကတ်ထုတ်ပေးမှု


YRTC  အနေဖြင့်  တစ်ပတ်အတွင်း YPS  ငွေပေးချေကတ်ကို တန်ဖိုးငွေကျပ် ၂၀၀၀ သတ်မှတ်ထားကာ ကနဦးဝယ်ယူသူ များကို ငွေကျပ် ၃၀၀၀ ဖြည့်သွင်းရုံဖြင့် ကတ်တန်ဖိုးကို တောင်းခံမည် မဟုတ်ဘဲ အခမဲ့  ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ အခမဲ့ ကတ်ထုတ်ပေးမှုကိုလည်း အချိန်ကာလတစ်ခုအထိ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ 


သတင်း - မြင့်မိုရ်၊ ဓာတ်ပုံ - မင်းထက်