
ရန်ကုန် အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး တွံတေး မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော်ခြောက်ဆူကိန်းဝပ်တော် မူသောဆကေသာဓာတု ရွှေဆံ တော်စေတီတော်မြတ်ကြီး၊ နှစ် ပေါင်း ၁၀၀ သက်တမ်းရှိ တွံတေး တူးမြောင်း၊ အသားလွတ်နယ်မြေ ဖြစ်သော ဗောင်းတော်ချုပ်စေတီ၊ လက်မှုပညာ အိုးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများ၊ အထင်ကရ နေရာများသို့ လေ့လာနိုင်ရန်အတွက် နှစ်နှစ်ကျော် ရပ်နားထားသော Yangon Water Bus တွံတေး ခရီးစဉ်ကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီမိနစ် ၂၀ က တွံတေးဆိပ်ခံ ဘောတံတားသို့ ဆိုက်ကပ်ခဲ့ ကြောင်း သိရသည်။ တွံတေးခရီးစဉ်တွင် ရန်ကုန်လမ်း သစ်ဆိပ်ကမ်း မှ နံနက် ၇ နာရီတွင် စတင်ထွတ်ခွာခြင်း ဖြစ်ပြီး တစ်နာရီခန့်အကြာတွင် တွံတေးမြို့သို့ ဆိုက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
တွံတေးဆိပ်ကမ်းမှတစ်ဆင့် ရှေးဟောင်း သမိုင်းဝင် ရွှေဆံတော်စေတီ၊ အသားလွတ် နယ်မြေဖြစ်သော ဗောင်းတော်ချုပ်စေတီ၊ မြွေ ဘုရား၊ ကျိုက်ဖူး၊ ကျိုက်ပါစေတီ၊ မြန်မာ့လက်မှု ပညာလုပ်ငန်းဖြစ်သော အိုးလုပ်ငန်းနှင့် ရှမ်းလေးရွာ ၏ ရိုးရာရက်ကန်းများ အထင်ကရနေရာများအား လည်ပတ်သည့် နေ့ချင်းပြန်ခရီး ဖြစ်ကြောင်း သိရသည်။
Yangon Water Bus ကို နှစ်နှစ်ကျော်ကြာ ရပ်နားထားရာမှ အောက်တိုဘာ ၆ ရက်မှ စတင် ကာ ပြန်လည်၍ ရန်ကုန်မြစ်အတွင်း ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။ တွံတေးခရီးစဉ်တွင် လူတစ်ဦးလျှင်ငွေကျပ် ၁၈၀၀၀ ကျပ်ဖြင့် အပတ်စဉ် အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် ဒေသန္တာရ ဗဟုသုတရရှိစေရေး နေ့ချင်းပြန်ခရီးပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
တွံတေးသား