ယာယီတိုက်ပွဲရှောင်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရက အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ပင်လောင်း    မတ်   ၃၁


ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှ ယာယီ တိုက်ပွဲရှောင် ပြည်သူများအား   ပြည်နယ် အစိုးရအဖွဲ့က အခြေခံ စားသောက်ကုန် ပစ္စည်းများ    ထောက်ပံ့ပေးအပ်ခြင်းကို မတ် ၃၀ ရက်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ    ပင်လောင်းမြို့နယ်    ဘက်စုံသုံး ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်     ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ယာယီတိုက်ပွဲရှောင် ပြည်သူများကို    ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်  ဖြေရှင်းပေးရမည့်ကိစ္စရပ် များကို           ပြည်နယ်အစိုးရအဖွဲ့က     ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  ပြော ကြားပြီး    ယာယီတိုက်ပွဲရှောင်ပြည်သူ  များအား အခြေခံစားသောက်ကုန်ပစ္စည်း များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ      စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပေးအပ်ရာ    ပြည်သူများက   လက်ခံယူ သည်။

 


အဆိုပါ  ယာယီတိုက်ပွဲရှောင် ပြည်သူ များအတွက် လိုအပ်သောစောင်၊ ဖျာနှင့် သောက်သုံးရေ လိုအပ်ချက်များအတွက် ငွေကျပ်သိန်း  ၅၀  ကိုလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့      ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။


   မောင်မောင်သန်း (တောင်ကြီး)