
ပဲခူး ဇူလိုင် ၃၀
ပဲခူးမြို့အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင် ၃၀ ရက် နံနက်က လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထားသည့် သဘာဝဘေး ကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ် မှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ ခဲ့ပြီး ယာယီရေဘေးရှောင်စခန်း များရှိ လူဦးရေနှင့် ထောက်ပံ့မှု စာရင်းများ စနစ်တကျပြုစုထားရှိ ရန်၊ ရေကြီးနစ်မြုပ်သည့် ဘုန်းတော်ကြီး ကျောင်းများရှိ သံဃာတော်များ ဆွမ်းကိစ္စ အဆင်ပြေစေရေး လိုအပ်သည် များ ထောက်ပံ့ကူညီပေးရန်၊ ရေများ အမြန်ဆုံး ပြန်လည် ကျဆင်းစေရေး အဓိကရေထွက် ပေါက်များ ပိတ်ဆို့မှု မရှိစေရေး လိုက်လံစစ်ဆေး ဆောင်ရွက်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရေး ကလိုရင်းဆေးခတ် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေ များအတွက် မျိုးစပါးများ ကြိုတင် စုဆောင်း ဖြန့်ဝေပေးထားရန်နှင့် ရေကျဆင်းသွားပါက အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး စက်မှု လယ်ယာမှ စိုက်ပျိုးရေးသုံး စက်ယန္တရားများ အသင့်စုဖွဲ့ထား ရှိရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပဲခူးမြို့ရှိ ယာယီ ရေဘေးရှောင် ကယ်ဆယ်ရေး စခန်းများအလိုက် ရေဘေးသင့် ပြည်သူများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးအခြေအနေ များကိုလည်းကောင်း၊ ပဲခူးမြို့နယ် တပ်နယ်မှူးက တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၏ ရေဘေး ကူညီကယ်ဆယ်ရေးနှင့် ထမင်း ထုပ်များ ဖြန့်ဝေးလျက်ရှိမှု အခြေ အနေကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေး မှူးက စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြစ်ရေ စီးဆင်းမှုအခြေအနေနှင့် အမှတ် (၃) အခြေခံပညာ အထက်တန်း ကျောင်း ရေထွက်ပေါက် ပြန်လည် အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ မဟာ ကလျာဏီသိမ်တော်ကြီးကျောင်း နှင့်ကြေးနီကန် ဘုန်းတော်ကြီး ကျောင်းရှိ ရေဘေးသင့် ပြည်သူ များနှင့် သွားရောက်တွေ့ဆုံ၍ ရင်းနှီးနှီးနှုတ်ဆက် အားပေး စကားပြောကြားကာ စားသုံးကုန် များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၏ ဆန်ရိက္ခာဖိုး များ ထောက်ပံ့ပေးအပ်ပြီး ကလေးငယ်များအတွက် အာဟာရ မုန့်များ ပေးဝေကာ ရေဘေးသင့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ပေးရန်နှင့် အမိုး အကာဖြင့် နေထိုင်နိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ ကျောက်ကြီးစုတာပေါ်၌ သဲအိတ် ရေတားတာ ဆောင်ရွက်နေမှုကိုသွားရောက်ကြည့်ရှု စစ်ဆေးပြီး ရေကြီးနစ်မြုပ်သည့် မြို့သစ် (င) ရပ်ကွက် ကျောက်ကြီးစုရပ်ကွက် များအတွင်း စက်လှေများဖြင့် လှည့်လည်ကြည့်ရှု၍ ရေဘေးသင့် ပြည်သူများအား ထမင်းထုပ်များ၊ မုန့်များ၊ ရေသန့်ဘူးများ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)