ယာဉ်သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် ထူထောင်ခြင်း စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-ကိုရီးယားနှစ်ဖက် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်သွားကြမည်

 
 
 
နေပြည်တော် မတ် ၂၀
 
 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ကိုရီးယား သမ္မတနိုင်ငံ Korea International Cooperation Agency (KOICA) တို့သည် “Establishment of Vehicle Information Management System for Vehicle Inspection, Registration and Driving License In Myanmar” Project အတွက် Record of Discussion (RoD) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
 
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးသာဦးနှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆွမ်းဟွာ နှင့် KOICA Myanmar Office မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
 
 
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာ နိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးတို့က အမှာစကား ပြောကြားကြပြီး ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်မင်းဦးနှင့် KOICA Myanmar Office မှ Chief Repre-sentative Ms. Lee Youn Soo တို့က Record of Discussion (RoD) က လက်မှတ်ရေးထိုးကြ သည်။ (အောက်ဝဲပုံ)
အဆိုပါစီမံကိန်းကို KOICA ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) အပါအဝင် လက်အောက်ခံ ရုံးခွဲ (၅၅) ရုံးတို့ အကြား Fiber Network ချိတ်ဆက်၍ Virtual Private Network(VPN) တည်ဆောက်ခြင်း၊ ဌာန၏အဓိက လုပ်ငန်းများဖြစ်သည့် ယာဉ်စစ်ဆေး ခြင်း၊ ယာဉ်မှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်း ဆိုင်ရာ အခငွေများကောက်ခံခြင်း၊ အခြား ဆက်စပ်ဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ကို Online Applications များဖြင့် ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ ယင်းစီမံကိန်းကို ၂၀၂၃ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Substainable Development Plan) နှင့် ကိုက်ညီသည့် မဟာဗျူဟာမြောက် စီမံကိန်းများ၌ အကျုံးဝင်သည့် အတွက် ယခုစီမံကိန်းကို စီမံကိန်း ဘဏ် www.projectbank.gov.mm Website ၌လည်း လွှင့်တင်ထည့်သွင်း ထားပြီးဖြစ်သည်။
 
 
အဆိုပါစီမံကိန်း၌ Master Plan ရေးဆွဲခြင်း၊ ယာဉ်သတင်းအချက် အလက် စီမံခန့်ခွဲမှုစနစ် ထူထောင် ခြင်း၊ ဝန်ထမ်းများကိုသင်တန်းပေး ခြင်း၊ ပစ္စည်းကိရိယာများ ထောက်ပံ့ ခြင်း၊ မြန်မာနိုင်ငံသို့ ကိုရီးယား ကျွမ်းကျင်သူများ စေလွှတ်ခြင်း၊ စီမံကိန်းအရည်အသွေး စီမံခန့်ခွဲခြင်း စသည့် အဓိက လုပ်ငန်းစဉ်များပါဝင် မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-ကိုရီးယားနှစ်ဖက် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ် သည်။
 
 
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှု ဦးစီးဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် ပိုမိုလွယ်ကူ လျင်မြန်သက်သာ အဆင်ပြေစေရေး အတွက် Online Services များ ဖြစ်စေရန် အသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းလျက်ရှိရာ၌ ဤ “Estab-lishment of Vehicle Information Management System for Vehicle Inspection, Registration and Driving License In Myanmar” Project က များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ဤ Grant Aid Project ကြောင့် မြန်မာပြည်သူ များအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများ အတွက် ထူးခြားသိသာထင်ရှား သည့် အကျိုးရလဒ်ကောင်းများ ရရှိ စေမည်ဖြစ်သကဲ့သို့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ခိုင်မာကျယ်ပြန့်စေမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
 
 
သတင်းစဉ်