ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သော ဇာတ်သဘင်အဖွဲ့အတွက် ထောက်ပံ့ငွေပေးအပ်

 

မော်လမြိုင် အောက်တိုဘာ ၁၃


အောက်တိုဘာ ၅ ရက်က  မြဝတီအာရှလမ်းမကြီးပေါ်၌ ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသဘင်အစည်းအရုံးဝင် မွန်ပြည်နယ် ​မော်လမြိုင်မြို့မှ ပွင့်နေခြည်ဇာတ်အဖွဲ့အား   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း   က       ထောက်ပံ့ငွေများကို      အောက်တိုဘာ   ၁၂ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ပေးအပ် သည်။ 

 


လိုအပ်သည်များ ကူညီမည်


ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ လျော့ပါးလာချိန်တွင် သဘင်အစည်းအရုံးအဖွဲ့ဝင်များအနေဖြင့်  အခက်အခဲကြားမှ ကြိုးပမ်း ဆောင်ရွက်ရင်း      ယခုလိုအဖြစ်အပျက်မျိုး       ကြုံတွေ့ခဲ့ရသဖြင့်  ပွင့်နေခြည်သဘင်အဖွဲ့အတွက်  များစွာစိတ်မကောင်းဖြစ်ရကြောင်း၊  ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သေဆုံးသူ၊ဒဏ်ရာရသူများအတွက်  လိုအပ်သည်များ ကိုကူညီဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြား သည်။

 


ထောက်ပံ့ငွေပေးအပ်


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်က   ပွင့်နေခြည်သဘင်အဖွဲ့မှ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၂ ဦး၏   ကျန်ရစ်သူမိသားစု များအား ထောက်ပံ့ငွေကျပ် ၂၄ သိန်းနှင့် ဒဏ်ရာရသူ ၁၆ ဦးအတွက် ထောက်ပံ့ငွေကျပ်    ၁၆  သိန်းကို    ပေးအပ်ရာ   ပြည်နယ်သဘင် အစည်းအရုံးဝင် ဦးတင်ဝင်း က လက်ခံယူပြီး မော်လမြိုင်မြို့နယ်သဘင် အစည်းအရုံးဥက္ကဋ္ဌ  ဦးဆန်းလင်း က   ကျေးဇူးတင်စကား  ပြောကြား ခဲ့သည်။


ပြည်နယ် (ပြန်/ဆက်)