ယာဉ်စည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် YBS ယာဉ်များအား ထိရောက်သော ပြစ်ဒဏ်များချမှတ်အရေးယူသွားမည်

 

ရန်ကုန်   နိုဝင်ဘာ  ၇


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)စီမံမှုအောက်ရှိ YBS ခရီးသည် တင်ယာဉ်လိုင်းများသည် ခရီးသွားပြည်သူ လူထုထံမှ သတ်မှတ်ယာဉ်စီးခထက်  ပိုမိုတောင်းခံ ခြင်း၊ ယာဉ်အကူ (စပယ်ယာ)များလိုက်ပါ၍ ယာဉ်စီးခပိုမိုတောင်းခံခြင်း၊ မချေမငံ  ပြောဆိုဆက်ဆံခြင်း များပြုလုပ်ပါက YBS ခရီးသည်တင်ယာဉ်များအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်အရေးယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။

 


စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်နေ


အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး ဝင်းတင့် က  YBS   ခရီးသည်တင်ယာဉ်များ     စည်းကမ်း ဖောက်ဖျက်မှုများ   များပြားလာသဖြင့်  YRTC မှ စည်းကမ်းထိန်းသိမ်းရေးအပိုင်းများနှင့် စစ်ဆေးကြပ် မတ်မှုများ ဆောင်ရွက်နေရကြောင်း၊ သတ်မှတ်ထား သော စည်းကမ်းချက်များ ဖောက်ဖျက်ကျူးလွန်သော ယာဉ် ၁၃၇ စီးကို  စစ်ဆေးတွေ့ရှိရ၍   ပြစ်ဒဏ် ချမှတ်အရေးယူရေး    တိုင်းဒေသကြီး   အစိုးရသို့ တင်ပြခဲ့ရာ ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံစစ်ဆေး တွေ့ရှိရသော စည်းကမ်းဖောက်ဖျက်ယာဉ်များကို လည်း   ထိရောက်စွာ   အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း  ပြောကြားသည်။

 


အရေးယူဆောင်ရွက်


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ဆွေးနွေးတင်ပြရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍  ယာဉ်စည်းကမ်း ထိန်းသိမ်းရေးများဖြင့်  အရေးယူဆောင်ရွက်ခဲ့ရာ တွင်    ကုမ္ပဏီပိုင်  ယာဉ်များထက်  တစ်ဦးချင်း ပုဂ္ဂလိကပိုင်  ယာဉ်များက  စည်းကမ်းဖောက်ဖျက်မှု ကျူးလွန်မှုပိုမိုများပြားသည်ကို   စိစစ်တွေ့ရှိရပါ ကြောင်း၊ YRTC ၏ ပြစ်မှုပြစ်ဒဏ် ၁၃၈ချက်အရ ယာဉ်စီးခပိုမိုတောင်းခံမှုအတွက် ပြစ်ဒဏ်သတ်မှတ် ချက်မှာ ဒဏ်ကြေးငွေကျပ် ၃၀၀၀၀ နှင့် ယာဉ်လိုက် ခွင့် တစ်လပိတ် ပြစ်ဒဏ်သာ အရေးယူဆောင်ရွက်၍ ရပါကြောင်း၊  အဆိုပါပြစ်ဒဏ်မှာ   ထိရောက်မှုမရှိ သဖြင့် ယာဉ်စီးခ ပိုမိုတောင်းခံသောယာဉ်များ  ပိုမို များပြားလာသဖြင့် ပိုမိုထိရောက်သော ပြစ်ဒဏ် ချမှတ်အရေးယူနိုင်ရေး ယာဉ်စီးခပိုမိုတောင်းခံသောယာဉ်များကို    ပြစ်မှုကျူးလွန်မှုအလိုက်   CNG သဘာ၀ဓာတ်ငွေ့      ပိတ်သိမ်းခြင်း    ပြစ်ဒဏ်အား  (၃ လ၊ ၆ လ၊ ၁ နှစ်)ပိတ်သိမ်းခြင်းနှင့်  ယာဉ်စီးခပိုမို တောင်းခံပြီး  ယာဉ်အကူပါရှိသော  ယာဉ်များကို  CNG တစ်နှစ်ပိတ်  ပြစ်ဒဏ်အပြင် လုပ်ငန်းလိုင်စင် တစ်နှစ်ပိတ်    ပြစ်ဒဏ်ပါ    ပူးတွဲအရေးယူသွားမည် ဖြစ်ကြောင်း၊        ပြစ်ဒဏ်သတ်မှတ်ချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 


ဖြည့်စွက်မှာကြား 


ဆက်လက်၍      တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များ အပေါ် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 
 မြင့်မိုရ်