ဝုဗ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် အမှတ်ပေးဇယား ဦးဆောင်ခွင့်နှင့် စပါး လွဲချော်

 

ပရီမီယာလိဂ်ပွဲစဉ်     (၁၂) မှ နိုဝင်ဘာ ၁၁ ရက် ည ၇ နာရီက ယဉ်ပြိုင်ကစားခဲ့သည့်  ဝုဗ်နှင့် စပါးအသင်းပွဲစဉ်တွင် ဝုဗ်အသင်း က လီမီနာ၏ နောက်ကျသွင်းဂိုး ကြောင့် နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။


ဝုဗ်အသင်းသည်  အစောပိုင်း ပွဲချိန်များတွင် စပါးအသင်းဘက် သို့   ဂိုးကန်သွင်းခွင့်   အသာဖြင့်  ဖိအားပေး      ကစားနိုင်ခဲ့သော် လည်း အသင်းကစားသမားများ အဆုံးသတ်ပိုင်း    အားနည်းချက်ရှိ နေသည့်အတွက် သွင်းဂိုးရရှိရေး အခက်တွေ့ခဲ့ရသည်။


အမှတ်ပေးဇယား  ဦးဆောင် ခွင့်ရရှိရေး  အမှားခံလို့မရသည့် စပါးအသင်းက    ရရှိလာသည့် အခွင့်အရေးကို   အမိအရအသုံး ချကာ     ပွဲချိန်သုံးမိနစ်တွင်ပင် ဂျွန်ဆင်က စပါးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။


ထို့နောက်တွင် ဝုဗ်အသင်း၏ ချေပဂိုးရရှိရေး ကြိုးပမ်းအားထုတ် မှု   ကောင်းမွန်မှုရှိခဲ့သော်လည်း အသင်း   စွမ်းဆောင်ရည်ပိုင်းနှင့် ချိတ်ဆက်ကစားမှုပိုင်း   လိုအပ် ချက်ရှိနေသည့်အတွက် မိနစ် ၈၀ ကျော်သည်အထိ    ဝေးကွာခဲ့ရ သည်။


သို့သော်လည်း ပွဲချိန်ပြည့်ခါ နီးတွင် အိမ်ရှင်ဝုဗ်အသင်း ချေပဂိုး ရရှိခဲ့ပြီး  ကွန်ဟာ၏  ဖန်တီးမှုမှ ဆာရာဘီရာက     သွင်းယူပေးခဲ့ သည်။ ထို့အပြင် နာကျင်အချိန်ပို ၉၇ မိနစ်တွင် ဝုဗ်အသင်းအတွက် အနိုင် သေချာစေမည့်     ဂိုးကို ဆာရာဘီရာ၏ ဖန်တီးမှုမှ  လီမီနာက သွင်းယူပေးခဲ့ သည်။


စပါးအသင်းသည်   ပွဲချိန်ပြည့်ခါနီး အထိ တစ်ဂိုး - ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ သော်လည်း    ချေပဂိုးနှင့်   အနိုင်ဂိုး  ပြန်လည်  ခွင့်ပြုပေးခဲ့ရသည့်အတွက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ ဝုဗ်အသင်းသည်  ယခုပွဲ အနိုင်ရရှိမှုကြောင့် ပရီမီယာလိဂ် တွင် ၁၂ ပွဲကစားပြီး ရမှတ် ၁၅ မှတ် ရရှိလာပြီဖြစ်သည်။


အခြားပွဲစဉ်များတွင်    မန်ယူက လူတန်ကို တစ်ဂိုး - ဂိုးမရှိ၊ အာဆင်နယ် က  ဘန်လေကို  သုံးဂိုး- တစ်ဂိုးဖြင့် နိုင်ပြီး ပဲလေ့စ် ကို အဲဗာတန်က သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရသည်။    

အောင်ဇော်