
နေပြည်တော် ဒီဇင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းသစ် များ ကြိုဆိုတွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဝန်ထမ်းသစ်များအနေ ဖြင့် သစ္စာရှိမှု၊ ဆက်ဆံရေး ကောင်းမွန်မှု၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ကျွမ်းကျင်မှုတို့ အတွက် မဖြစ်မနေဆောင်ရွက်ကြ ရန်လိုကြောင်း၊ မိမိတို့ နိုင်ငံသား များ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်ရာ တွင် ဥပဒေနှင့်အညီ ဝင်/ထွက် သွားလာနိုင်ရေး၊ နိုင်ငံခြားသား များ ဥပဒေနှင့်အညီ ဝင်ရောက်စေ ရေးနှင့် နိုင်ငံခြားသား တရားမဝင် ဝင်ရောက်မှု မရှိစေရေးတို့အတွက် ဌာန၏ ပထမလုပ်ငန်းတာဝန်ဖြစ် သည့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများကို တည်ဆဲဥပဒေ များနှင့်အညီ စနစ်တကျတာဝန် ယူဆောင်ရွက်ကြရကြောင်း။
နိုင်ငံသား တစ်ဦးအတွက် မရှိမဖြစ်လိုအပ်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးခြင်း လုပ်ငန်းသည် ဒုတိယလုပ်ငန်း တာဝန်ဖြစ်ပြီး အမျိုးသားမှတ်ပုံ တင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ တတိယလုပ်ငန်းတာဝန် ဖြစ်သည့် ပြည်သူ့အင်အား စာရင်း ကောက်ယူ ထိန်းသိမ်းရေး လုပ်ငန်းသည်လည်း နိုင်ငံတော် အတွက် အရေးကြီးသည့်လုပ်ငန်း တစ်ခု ဖြစ်ကြောင်း။
လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း သည် ရန်ကုန်၊ မန္တလေး၊ နေပြည် တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း အပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ တရားဝင် နယ်စပ်ဂိတ်များတွင် လူဝင်မှုစစ်ဆေးရေး လုပ်ငန်းများ ကို ဥပဒေနှင့်အညီ ဆောင်ရွက် ကြရကြောင်း။
အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံ သားဖြစ်မှုဆိုင်ရာ သက်သေ အထောက်အထား ထုတ်ပေးသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံ သား တစ်ဦးချင်းစီအတွက် အလွန် အရေးကြီးကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စစ်ဆေးရာ မဲမသမာမှုများ များစွာရှိခဲ့ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား အပါ အဝင် အထောက်အထား တစ်စုံ တစ်ရာမရှိဘဲ မဲပေးခဲ့သူဦးရေ အများအပြား ပါဝင်နေသည်ကို စိစစ်တွေ့ရမည် ဖြစ်ကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်မရှိသူများကို ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၈ လကြာ ဆောင်ရွက်မည့် ပန်းခင်း စီမံချက်ရေးဆွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွင်းဆင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခု ဝန်ထမ်းသစ်များသည် ပန်းခင်းစီမံချက်နှင့်အညီ မွေးဖွား လာသည့် ဌာန၏ ပန်းခင်းမျိုးဆက် သစ်များဖြစ်ပြီး ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြ ရန် လိုကြောင်း။
ပြည်သူ့အင်အား စာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် သန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မိမိတို့ဌာနမှ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ e-Government ၏ အခြေခံ အကျဆုံးလုပ်ငန်းဖြစ် သည့် e-ID လုပ်ငန်းကိုလည်း ဌာန မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း။
ဝန်ထမ်းသစ်များသည် လူငယ် များဖြစ်သည်နှင့်အညီ နိုင်ငံ၏ အနာဂတ်အတွက် အရေးကြီး သည့် မျိုးဆက်သစ်များဖြစ် ကြောင်း၊ နိုင်ငံ့အကျိုးအတွက် ခံယူချက်၊ ယုံကြည်ချက်ရှိပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လို ကြောင်း၊ ပြောင်းလဲတိုးတက်နေ သည့် ခေတ်စနစ်နှင့်အညီ IT နည်း ပညာများနှင့် အင်္ဂလိပ်ဘာသာ စကား တတ်ကျွမ်းနားလည်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များ အပေါ် အကောင်းဆုံးနှင့် အထိ ရောက်ဆုံး အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းသစ်များ အနေဖြင့်လည်း ဌာန၏ ကောင်းမြတ်သည့်အစဉ် အလာများကို လက်ဆင့်ကမ်း လိုက်နာထိန်းသိမ်းပြီး အဆင့်ဆင့် ကွပ်ကဲ ကြီးကြပ်သူများ၏ သွန်သင်ဆုံးမမှုများကို နာယူ မှတ်သားကြရန် လိုကြောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်း သစ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားသို့ ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်စိုး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ နေပြည်တော်ရုံးချုပ်မှ ဝန်ထမ်းသစ် ၁၃၆ ဦးနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်