ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးကောင်းမွန်စေရေး အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

 

ရန်ကုန်   ဇူလိုင်   ၃


ပြန်ကြားရေး           ဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနသည် ဝန်ထမ်းများ အင်္ဂလိပ်စာအရည်အသွေးကောင်း မွန်စေရေးအတွက်    အင်္ဂလိပ်စာ သင်တန်းကို  ရန်ကုန်တိုင်းဒေသ ကြီးရုံး သင်တန်းကျောင်း၌ ယနေ့ နံနက်  ၉ နာရီတွင်     ဖွင့်လှစ် ပေးခဲ့သည်။


အခမ်းအနားတွင် ပြန်ကြား ရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန     ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ရုပ်ရှင်မြှင့်တင်ရေးဌာန ခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလင်းမြင့် က        အမှာစကားပြောကြားပြီး  သင်တန်းနည်းပြဆရာ      ဦးခင် မောင်အေးက     သင်တန်းတွင် သင်ကြားမည့်  အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။


 အဆိုပါ အင်္ဂလိပ်စာသင်တန်း ကို ဇူလိုင် ၃ ရက်မှစ၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက်  ၉ နာရီမှ ၁၂ နာရီအထိ ရုံးတက် ချိန်မထိခိုက်စေဘဲ     ဖွင့်လှစ် သင်ကြားပေးမည်   ဖြစ်သည်။ အင်္ဂလိပ်စာ       သင်တန်းတွင် Vocabulary Building, Commu-nication Grammar, Reading Comprehension, Translation ဘာသာရပ်များ သင်ကြားပို့ချမည် ဖြစ်သည်။    


အင်္ဂလိပ်စာ      သင်တန်းသို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်း ၁၈ ဦး တက်ရောက်သည်။  အင်္ဂလိပ်စာ သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ သင်တန်းသားများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့်   လက် သန့်စင်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင် ရွက်ပေးထားကြောင်း သိရသည်။


သတင်းစဉ်