ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်

 

နေပြည်တော်   ဩဂုတ် ၂၄


ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင် ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ    အခမ်းအနားကို    ယနေ့ နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ စုပေါင်းအစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပ သည်။ 

 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက      ဦးစီးဌာန အသီးသီးအနေဖြင့် ကုန်သွယ်မှု တိုးမြှင့်ရေး၊      ဘာသာရပ်နှင့် နည်းပညာဆိုင်ရာများကို တတ်သိ နားလည်     ကျွမ်းကျင်စွာဖြင့် တာဝန် ထမ်းဆောင်နိုင်ရေးနှင့် ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင် ရေးတို့နှင့် ပတ်သက်၍  မှာကြား သည်။

 


သင်တန်းဖွင့်ပွဲ အခမ်းအနား သို့     စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊   အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှ  ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများ နှင့် နေပြည်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ  သင်တန်း သား    သင်တန်းသူ    စုစုပေါင်း ၃၆   ဦး    တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၂၄ ရက်မှ    စက်တင်ဘာ  ၆  ရက် အထိ ရက်သတ္တပတ် နှစ်ပတ်ကြာ ဖွင့်လှစ်သွားမည်      ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်