
နေပြည်တော် အောက်တိုဘာ ၁၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ် (၃/၂၀၂၀)ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁ဝ ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၁၉၅ နေရာအတွက် ရေးဖြေစာမေးပွဲကို ဇွန် ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် စာစစ်ဌာနငါးခု၌ ကျင်းပခဲ့ရာ ဖြေဆိုသူ ၈၁၄ ဦးမှ ရေးဖြေအောင်မြင်သူ ၂၅၀ အား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းများကို နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် သုံးနေရာခွဲ၍ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး စည်းကမ်းချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ သည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့် အတူ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များက အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ရေးဖြေ အောင်မြင်သူ ၈၂ ဦးတို့အား ရန်ကုန်မြို့၌ စိတ်အခြေ အနေနှင့် လူတွေ့စစ်ဆေးဆောင်ရွက်နေမှု အခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြန်တမ်းဝင် အရာရှိအဆင့် စတင်ခန့်ရာထူး ၁၉၅ နေရာအတွက် ရေးဖြေအောင်မြင်သူ ၁ဝ၅ ဦးတို့အား စက်တင်ဘာ ၃ဝ ရက်မှ အောက်တိုဘာ ၄ ရက်အထိ နေပြည်တော် တွင် လည်းကောင်း၊ ရေးဖြေအောင်မြင်သူ ၆၃ ဦးတို့ အား အောက်တိုဘာ ၅ ရက်မှ ၈ ရက်အထိ မန္တလေး မြို့တွင် လည်းကောင်း စိတ်အခြေအနေနှင့် လူတွေ့ စစ်ဆေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်