
နေပြည်တော် မတ် ၁၈
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းခွဲစိတ် ရောဂါ အထူးကုဆေးရုံကြီး ပုဗ္ဗသီရိမြို့ ပြည်သူ့ဆေးရုံနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) သို့ သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။
လိုအပ်ချက်များ မေးမြန်း
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းခွဲစိတ်ရောဂါ အထူးကု ဆေးရုံကြီး-နေပြည်တော်၊ ပြင်ပ လူနာဌာနသို့ ရောက်ရှိကြပြီး ဆေးရုံအုပ်ကြီးနှင့်အတူ မျက်စိ ရောဂါ ကုသမှုလာရောက်ခံယူ လျက်ရှိသော လူနာများအား လှည့်လည်ကြည့်ရှု၍ လိုအပ်ချက် များကို မေးမြန်းကာ အားပေး စကားပြောကြားသည်။
မျက်စိပြင်ပ လူနာဌာနကို ရုံးဖွင့်ရက်များတွင် နေ့စဉ်ဖွင့်လှစ် ထားရှိကာ အင်္ဂါ၊ ကြာသာပတေး မွန်းလွဲပိုင်းတွင် နား/နှာခေါင်း လူနာများနှင့်အတူ ခွဲစိတ်ကုသမှု များ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ နား/နှာခေါင်း လူနာများ အတွက် ပြင်ပလူနာဌာနကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များတွင် ဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။
လုပ်ငန်းခွင် ဝင်ရောက်
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် တာဝန်ထမ်းဆောင် လျက်ရှိသော အထူးကုဆရာဝန် ကြီးများ၊ သူနာပြု/ ကျွမ်းကျင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လူနာ များအား ကျန်းမာရေး စောင့် ရှောက်မှု ဆောင်ရွက်ပေးနေမှု အပေါ် အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ ဝန်ကြီးဌာန၏ တာဝန် မှာ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဝန်ထမ်းများ သည် ရောဂါဝေဒနာ ခံစားနေရ သည့် ပြည်သူများကို တိုက်ရိုက် အကျိုးပြုသည့် ကျန်းမာရေး ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေ ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်က ခွင့်ပြုထားပြီးဖြစ်သည့် ရန်ပုံငွေကို လက်ရှိအခြေအနေအရ အမှန် လိုအပ်နေသည့် နေရာများတွင် ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူလူထု ထည့်ဝင် သုံးစွဲနေရသည့် ကျန်းမာရေးအသုံး စရိတ်များ လျော့နည်းစေမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက်လည်း ရရှိ သည့် ဘွဲ့/ဒီဂရီနှင့်အညီ ချီးမြှင့် ငွေ၊ ညဂျူတီ တာဝန်ကျသူများ အတွက် စားစရိတ် စသည့်ပံ့ပိုးမှု များ ဆောင်ရွက်ပေးရန် စီစဉ် လျက်ရှိပါကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် ကြရန် ကြိုဆိုလျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး နေပြည်တော် ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာန အစီ အစဉ်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှူး ခေါင်းဆောင်သောအဖွဲ့က ဆောင် ရွက်လျက်ရှိသည့် အသက် ၆၀ နှင့်အထက် မိဘပြည်သူများအား COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက် ပြီး ရှင်းလင်းပြောကြားရာတွင် COVID-19 ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးသူ ပြည်သူများအနေဖြင့် ခရီးသွားလာမည်ဆိုပါကလည်း ရောက်ရှိသည့် နေရာတွင် အသွား အလာကန့်သတ်ခြင်း ကင်းလွတ် ခွင့်ပြုရန် စီစဉ်လျက်ရှိပါကြောင်း၊ ယခင်လို ပုံမှန်လူနေမှုဘဝကို ကာကွယ်ဆေး ထိုးနှံပြီးမှသာ ရရှိနေထိုင်နိုင်မည် ဖြစ်သဖြင့် ကာကွယ်ဆေးထိုး လုပ်ငန်း အောင်မြင်ရေး အားလုံးပူးပေါင်း ပါဝင်ကြစေလိုပါကြောင်း၊ နိုင်ငံ တော် ရန်ပုံငွေဖြင့် ဝယ်ယူထားပြီး ဖြစ်သည့် ကာကွယ်ဆေးများကို ပြည်သူများအား ထိုးနှံပေးနေ သည့် ကျန်းမာရေးဝန်ထမ်း များကို အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ ကာကွယ်ဆေး ထိုးနှံ ပြီးနောက် ဖြစ်ပွားတတ်သည့် အန္တရာယ်အတွက် လိုအပ်မည့် ဆေး/ဆေးပစ္စည်းများ အသင့် ပြင်ဆင်ထားရှိရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် နေပြည် တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) အရေးပေါ်လူနာဌာနသို့ ရောက်ရှိပြီး အရေးပေါ်ကုသမှု ခံယူလျက်ရှိသည့် လူနာများအား လှည့်လည်ကြည့်ရှုသည်။
အားပေးစကား ပြောကြား
ယင်းနောက် ဓာတ်ခွဲဌာန/သွေးလှူဘဏ်သို့ သွားရောက်ကာ သွေးလှူရှင်များ လှူဒါန်းထား သည့် သွေးများစနစ်တကျ အသုံး ပြုနိုင်ရေးအတွက် မှာကြားပြီး အထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ သည့် လူနာများအား ကြည့်ရှု အားပေးစကား ပြောကြား သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဆေးရုံအုပ်ကြီး၊ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြု/ ကျွမ်းကျင်ဝန်ထမ်းများ နှင့်တွေ့ဆုံပြီး မိမိတို့တာဝန်သည် ဆေးကုသမှု လိုအပ်နေသည့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှု ဆောင် ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆေး ဘက်ဆိုင်ရာ အထောက်အကူပြု ပုဂ္ဂိုလ်များသည် မိမိတို့၏လုပ်ငန်း တာဝန်များနှင့် လူနာများအား စွန့်ခွာ၍ သွားရောက်နေခြင်းအား သင့်လျော်မှု ရှိ/မရှိ စဉ်းစားသင့်ပါ ကြောင်း၊ ဆရာဝန်များသည် စဉ်းစားချင့်ချိန်နိုင်စွမ်း ရှိသူများ ဖြစ်သဖြင့် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး ရမည့် မိမိတို့၏ ကျင့်ဝတ်များကို လေးစားရန် လိုအပ်ပါကြောင်းနှင့် တာဝန်ကျရာ လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်ထမ်းဆောင် သင့်ပါကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများ မိမိအဆင့်နှင့် လိုက်လျောညီထွေရှိသည့် ခံစား ခွင့်များ ရရှိရေးအတွက် လိုအပ် သည့် ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ သတင်းစဉ်