ဝါးနက်ဆင်စီးအပန်းဖြေစခန်း၌ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ

 

မန္တလေး   အောက်တိုဘာ   ၂၄


အပန်းဖြေစခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့် ကာလတွင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာရေလှောင်တမံ သွား ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ဝါးနက်ဆင်စီး အပန်းဖြေစခန်းမှ   ခရီးသွားများအား   ဆွဲဆောင်နိုင်စေရန် သဘာဝတောတောင်   ရှုခင်းအလှများဖြင့်   အပန်းဖြေနိုင် စေရေးအတွက်     ကြိုတင်ပြင်ဆင်   ဆောင်ရွက်ထားရှိ ကြောင်း   မန္တလေးတိုင်းဒေသကြီး   မြန်မာ့သစ်လုပ်ငန်းမှ ဝါးနက်ဆင်စခန်းနှင့်    ဒီးဒုတ်ဆင်စခန်းတို့၏    ထိန်းသိမ်းရေး တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးတိုးအောင်က ပြောကြားသည်။

 


အဆိုပါ ဆင်စီးစခန်းမှ ယခုကဲ့သို့ ကိုဗစ်-၁၉ အခြေအနေကြောင့် အပန်းဖြေစခန်းများ    ယာယီပိတ်ထားသည့်ကာလ   ဖြစ်သော်လည်း   စခန်း၏  ပထဝီမြေပြင်အနေအထားပေါ်မူတည်၍ စခန်းရှိဝန်ထမ်းများ ဖြင့် ဆင်စခန်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရပါက လာရောက်လည်ပတ် သူများ   စိတ်အေးချမ်းသာစွာ   ဆင်စီးအပန်းဖြေနိုင်စေရန်အတွက် သဘာဝရှုခင်းအလှများကို ပြင်ဆင်ထားရှိကြောင်း၊ ဖွင့်လှစ်ခွင့်ရပါက ဝါးနက်ဆင်စခန်းမှ   ခရီးရှည်၊   ခရီးတိုလမ်းကြောင်း   ခရီးစဉ်များဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး     ဆင်စီးခမှာလည်း    ယခင်မူလဈေးနှုန်း ဖြစ်သော   ခရီးတိုတစ်ခုလျှင်   ငွေကျပ် ၃၀၀၀ နှင့်   ခရီးရှည်တစ်ခု လျှင်    ငွေကျပ်   ၅၀၀၀  နှုန်းဖြင့်    ပို့ဆောင်ပေးမည်ဖြစ်ကြောင်း  သိရသည်။

 


“ကျွန်တော်တို့ ဝါးနက်ဆင်စခန်းက  ဆင်စခန်းတွေ ပြန်ဖွင့်ချိန်မှာ ဧည့်သည်တွေအတွက် ဆင်စီးရင်း သဘာဝတောတောင်ရှုခင်းအလှတွေ နဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့  ပြန်လည်ဖွင့်လှစ်ခွင့်ပြုတဲ့အချိန်မှာ ဖွင့်လှစ် နိုင်ဖို့အတွက် အဆင့်သင့်ကြိုတင်ပြင်ဆင်ထားပါတယ်။     လာရောက် လည်ပတ်သူတွေအတွက် ဧည့်ခံအဆောက်အအုံတွေ ပြင်ဆင်ထားပါ တယ်။ သစ်ပင်ပန်းမန်တွေနဲ့ စိမ်းလန်းစိုပြည်သာယာလှပစေဖို့ အတွက် ဦးစားပေးလုပ်ထားပါတယ်။ အပင်တွေကိုလည်း တိုးချဲ့စိုက်ပျိုးထား ပါတယ်။ ဆင်စာအတွက် ငှက်ပျောခင်းတွေလည်း တိုးချဲ့စိုက်ပျိုးထား ပါတယ်။ ဝါးနက်ဆင်စခန်းမှာ ဆင်အကောင်ရေ ရှစ်ကောင်ရှိပါတယ်၊ ဖွင့်လှစ်ခွင့်ပြုတာနဲ့ စတင်ပြီးဖွင့်လှစ်သွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။ 

 


အဆိုပါ   ဆင်စခန်းသည်    ကိုဗစ်ရောဂါဖြစ်ပွားနေသည့်အတွက် ယာယီပိတ်ထားရသော်လည်း    လက်ရှိအချိန်တွင်   ဆင်ချစ်သူများမှ မွေးနေ့အလှူအဖြစ်  အွန်လိုင်းမှတစ်ဆင့်   ငွေလွှဲ၍  ဆင်စာကျွေးမွေး သူများရှိကြောင်း၊ ဆင်အစာအတွက် တစ်ကြိမ်ကျွေးမွေးပါက ငွေကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ  ကုန်ကျကြောင်း၊  ထို့အပြင်  ဆင်အစာများ ဝယ်၍ လာရောက်ကျွေးမွေးသူများလည်းရှိကြောင်း သိရသည်။ 


မင်းထက်အောင်(မန်းကိုယ်ပွား)