ဝင်ငွေနည်းပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်နှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇွန်   ၁၈


ဆောက်လုပ်ရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည်   မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာ        ဝန်ကြီး၊  တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင်    မန္တလေးတိုင်း ဒေသကြီး    ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း     ကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း၊      ကွင်း အမှတ်(၅၀၆)ရှိ  မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ    စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေး မှူးက    ဘဏ္ဍာရေးနှစ်အလိုက် မြို့ပြ၊   ရေသန့်၊  လျှပ်စစ်  အပိုင်း လိုက်   လုပ်ငန်းဆောင်ရွက်ပြီးစီး မှု၊      ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်း အတွက် ဘဏ္ဍာငွေရရှိမှု၊  အိမ်ရာ စီမံကိန်း   ရေရရှိရေး၊    လျှပ်စစ် ရရှိရေးနှင့်   အရိပ်ရသစ်ပင်များ စိုက်ပျိုးနေမှုတို့ကို     ရှင်းလင်း တင်ပြသည်။

 


အကြံပြုဆွေးနွေး


ထို့နောက်  မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ    ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊    မြန်မာ မြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်း နာယကနှင့်    ဥက္ကဋ္ဌ၊    လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာန၊     မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော် ပိုရေးရှင်း    Board  Of  Director နှင့်    တာဝန်ရှိသူများက    အိမ်ရာ စီမံကိန်းဆိုင်ရာ အချက်အလက် များ၊        စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊   ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်မည့်လုပ်ငန်းများ၊   လုပ်ငန်း လိုအပ်ချက်အရ Infrastructure လုပ်ငန်းများ   ဆောင်ရွက်မည့် အခြေအနေနှင့် ဘဏ္ဍာငွေကြေး ဆိုင်ရာများကို အကြံပြုဆွေးနွေး တင်ပြကြရာ     တိုင်းဒေသကြီး သယံဇာတရေးရာ          ဝန်ကြီး က    ဖြည့်စွက်ရှင်းလင်း    တင်ပြသည်။

 


ရှင်းလင်းဆွေးနွေး      တင်ပြ ချက်များနှင့်          စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  ဝင်ငွေ နည်း ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များနှင့် အငြိမ်းစားဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း အလုပ်အကိုင် အခွင့် အလမ်းများရရှိစေရန်    ရည်ရွယ် ၍    ရန်ကုန်၊   နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်း များကို    အကောင်အထည်ဖော် ဆောင်ရွက်လျက်    ရှိကြောင်း၊ လုပ်ငန်းများ   သတ်မှတ်အချိန်မီ ပြီးစီးရေး၊    အရည်အသွေးစံချိန် စံညွှန်းပြည့်မီရေး    အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။

 


ညှိနှိုင်းဆောင်ရွက်


ယခု ဆောက်လုပ်ရေးဝန်ကြီး ဌာန၊  မြို့ပြနှင့်  အိမ်ရာ  ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်     မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ၍     အဆောက်အဦ    ၁၈၈  လုံး၊ အခန်း ၃၀၀၈ ခန်းအနက် ပထမ အဆင့်အနေဖြင့် အဆောက်အဦ  ၉၁ လုံး၊ အခန်းပေါင်း ၁၄၅၆ ခန်း အကောင်အထည်ဖော် ဆောင် ရွက်ပြီးစီးမှုကို လာရောက်ကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်စဉ်   တွေ့ကြုံရသည့် အခက်အခဲများနှင့်   ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များကို တိုင်းဒေသ    ကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်         ပေါင်းစပ် ညှိနှိုင်း    ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ရေ၊ မီး ရရှိရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် အိမ်ရာစီမံကိန်း အတွင်း အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန် ညှိနှိုင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊        အိမ်ရာ စီမံကိန်းလုပ်ငန်းများ အောင်မြင် စွာ   ပြီးစီးရေး    ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး          တည်ဆောက်  ပြီး       အိမ်ရာစီမံကိန်းများနှင့် ဆက်လက်   ဆောင်ရွက်နေသည့် အိမ်ရာစီမံကိန်းများကို   ကြည့်ရှု စစ်ဆေးသည်။

 


၉၀ ရာခိုင်နှုန်းပြီးစီး


အဆိုပါ       မင်္ဂလာရန်ကင်း ပြည်သူ့ အငှားအိမ်ရာစီမံကိန်းရှိ အခန်း (၁) ခန်းလျှင်     ဧည့်ခန်း၊ အိပ်ခန်း(၂)ခန်း၊ ချက်ပြုတ်ခန်း ပါသည့်     (၄)ခန်းတွဲ  (၅)ထပ် အဆောက်အဦ ၁၈၈ လုံး၊ အခန်း ၃၀၀၈ ခန်းအနက်   Phase (1) အနေဖြင့် အဆောက်အဦ ၉၁ လုံး၊ အခန်းပေါင်း      ၁၄၅၆   ခန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊  အဆောက်အဦ  ၉၁ လုံးအတွက်   ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


သတင်းစဉ်