ဝင်္ဂဘော်ဆင်စခန်းတွင် ပထမဆုံးအကြိမ် ဆင်အမြွှာမွေးဖွားပြီး ကျန်းမာရေးကောင်းမွန်

ရန်ကုန် သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီး    ဝင်္ဂဘော် ဆင်စခန်းတွင်  ပထမဆုံးအကြိမ် အဖြစ် အသက်  ၂၁  နှစ်အရွယ် ဆင်မ ပုလဲစန္ဒာက ဩဂုတ်၂၆ရက် တွင် ဆင်အမြွှာ ၂ ကောင် မွေးဖွား ရာ         ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သိရသည်။
နံနက် ၃ နာရီ ၃၈  မိနစ်တွင် ဆင်မ ပုလဲဆင့်နှင့်  နံနက် ၃ နာရီ ၄၂ မိနစ်တွင် ဆင်ထီး ကျော်ပုလဲ တို့ကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
“မွေးပြီးပြီးချင်းက ပုံမှန်ထက် တော့အရပ်က နိမ့်တယ်။ အရပ်က နိမ့်တော့  နို့ကောင်းကောင်းတော့စို့လို့မရဘူး။ အဲဒီတော့ ကျွန်တော် တို့က  သစ်သားခုံလေးနဲ့နို့တိုက်ရတာပေါ့၊၊ မိခင်ဆင်မကြီးကနေ နို့ညှစ်ရတယ်၊ နောက်နို့မုန့်လေး ဖျော်ပြီးတော့    နို့ဘူးနဲ့တိုက်ရ တယ်။  ဒါပေမယ့်  အခုကျတော့ ဆင်က  နို့စို့တတ်လာပြီ။ ကျန်းမာ ရေးကလည်းကောင်းပါတယ်” ဟု ဝင်္ဂဘော်ဆင်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ဆင်အမြွှာ  မွေးဖွားမှု ဖြစ်စဉ်မှာ ဖြစ်ခေါင့်ဖြစ်ခဲ ဖြစ်စဉ် ဖြစ်ကြောင်းလည်း  သိရသည်။
“အမြွှာကတော့   ဖြစ်ခေါင့် ဖြစ်ခဲပေါ့။        ဆင်ကတော့ တစ်ကောင်တည်း    မွေးတာပဲ။ ဒါပေမယ့်       မြန်မာနိုင်ငံမှာ ကျွန်တော်တို့  မှတ်တမ်းတင်ထား သလောက်တော့  ဆင်အမြွှာတွေ ကတော့   မွေးဖူးတယ်။   နိုင်ငံ တစ်ဝန်းလုံးမှာပေါ့။  အခုက  (၁၁)  ကြိမ်မြောက်    အမြွှာမွေးတာပါ။   မြန်မာနိုင်ငံမှာက    ဒီဆင်စခန်း အနေနဲ့ကတော့  ဒါပထမဦးဆုံး အကြိမ်ပါ ” ဟု အဆိုပါဆင်စခန်းမှ တာဝန်ရှိသူက  ပြောသည်။
ဆင်များတွင် အမြွှာပူးမွေးဖွား ခြင်းမှာ အလွန်ရှားပါးပြီး တွေ့ရခဲ ကာ   အမြွှာပူးမွေးပါကလည်း အသက်မရှင်ခြင်း၊        မိခင်ဆင်မ သေဆုံးခြင်းများ ဖြစ်တတ်ကြောင်း လည်း သိရသည်။      

Thit Taw