ဝန်ဆောင်မှုကောင်းများဖြင့် ခရီးဦးကြိုပြုနိုင်ကြစေ

Type
5

 

ခင်မောင်(ဟိုတယ်/ခရီး)

 

ပြန်လည်ရှင်သန်ရန်လိုအပ်နေသည့် 
ခရီးသွားကဏ္ဍ


မိမိတို့  မြန်မာနိုင်ငံ  အပါအဝင်  ဒေသ တွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီး တွင် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ကူးစက် မြန်အဆုတ်ရောင်ရောဂါ ကိုဗစ်-၁၉ သည် ယနေ့အချိန်အထိ ကူးစက်ပြန့်ပွားလျက် ရှိရာ   စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်မှု၊    စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း ထုတ်ကုန်များ၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ အပြည် ပြည်ဆိုင်ရာလေကြောင်းလိုင်းများ၊ ခရီး သွားလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်း များ  ရပ်တန့်သွားခဲ့ပြီး   ခရီးစဉ်ဒေသရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကာ အသက် မွေးဝမ်းကျောင်းပြုလျက်ရှိသည့် ဒေသ နေပြည်သူများ၏ စားဝတ်နေရေး အခက် အခဲများနှင့်  ရင်ဆိုင်ခဲ့ရမှုများ  ကြုံတွေ့ ခဲ့ရပါသည်။  

 


ကိုဗစ်-၁၉  သည်  ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင်  ပျံ့နှံ့လာသည်နှင့်အမျှ နိုင်ငံအစိုးရများက သက်ဆိုင်ရာ  နိုင်ငံ နယ်နိမိတ်များကို ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ခြင်းဖြင့်  ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချရာတွင် အောင်မြင်ကြောင်း သိရှိ လာရ၍ နိုင်ငံဝင်/ ထွက်ဂိတ်များ ပိတ်ဆို့ ခြင်းဖြင့်  ရောဂါကူးစက်မှု  လျှော့ချနိုင် ရေးဆောင်ရွက်နိုင်ခဲ့သော်လည်း   ကုန် သွယ်မှု၊  ရင်းနှီးမြှုပ်နှံမှုနှင့်   ခရီးသွား လုပ်ငန်းစီးဆင်းမှုကို    ထိခိုက်ခဲ့ပြီး ဒေသန္တရစီးပွားရေးလုပ်ငန်းများ၊ ကျောင်း များနှင့် လူစုလူဝေးပွဲများ ကျင်းပသည့် နေရာများကို   ပိတ်လိုက်ခြင်းကြောင့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်း များအပေါ် ဆိုးရွားသောစီးပွားရေးဆိုင်ရာ သက်ရောက်မှုများရှိခဲ့ပါသည်။ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများသည် ပုဂ္ဂလိက လုပ်ငန်းများနှင့်   ဒေသခံပြည်သူများ အတွက် ဆင့်ပွားအကျိုးသက်ရောက်စေ သည်ဖြစ်ရာ  ကိုဗစ်-၁၉  ထိန်းချုပ်နေ သော ကာလအတွင်းနှင့်   ကိုဗစ်-၁၉ အလွန်ကာလများတွင်   လုပ်ငန်းများ လျင်မြန်စွာ   ပြန်လည်ဖွံ့ဖြိုးတိုးတက် လာစေရန် နည်းလမ်းများရှာဖွေဆောင် ရွက်ရန်   လိုအပ်သကဲ့သို့   ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ   စနစ်တကျဖြင့် အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း အမှန်လိုအပ်လျက်ရှိပါသည်။  

 


ခရီးသွားတို့ စိတ်ချယုံကြည် 
ကိုဗစ်ကာကွယ်ဆေး ထိုးကြမည် 


ကမ္ဘာ့နိုင်ငံအသီးသီး ကြုံတွေ့နေရ သည့် ကိုဗစ်-၁၉ ကူးစက်ရောဂါအန္တရာယ် မှ ကင်းဝေးစေရန်  ရည်သန်၍   နိုင်ငံ အသီးသီးအစိုးရတို့က   ဝီရိယစိုက်ထုတ် ရင်းနှီးမြှုပ်နှံမှုကြီးစွာပြုလျက် ကာကွယ် ဆေးထုတ်လုပ်နိုင်ရန်   နည်းပညာများ ရှာဖွေလေ့လာ ဆောင်ရွက်ခြင်း၊ ပြည်ပမှ ကိုဗစ်-၁၉  ကာကွယ်ရေးဆေးဝါးများ ဝယ်ယူနိုင်ရန် ကြိုးစားခြင်း၊ နိုင်ငံစီးပွား ရေးအခြေအနေအရ ဆေးဝါးထောက်ပံ့မှု အကူအညီရရှိနိုင်ရေး   ဆောင်ရွက်ခြင်း၊  ရရှိလာသည့်     ကာကွယ်ဆေးများဖြင့် ပြည်သူများ ယုံကြည်စွာ ပူးပေါင်းပါဝင် ဆေးထိုးမှုခံယူစေရေး စည်းရုံးဆောင် ရွက်ခြင်း အစရှိသည်ဖြင့် ပြည်သူ့ကျန်းမာ ရေး   စီမံချက်များ၊   ကူးစက်ရောဂါ ကာကွယ်ရေး မဟာဗျူဟာ နည်းဗျူဟာ များ       ချမှတ်ကာ     တက်ညီလက်ညီ  ကြိုးစားဆောင်ရွက်မှုပြုကြရာ   အကျိုး ရလဒ်ကောင်းများ     ရရှိလာခဲ့ပြီဖြစ်ပါ သည်။    

 


လက်ရှိအချိန်တွင်    အမေရိကန် နိုင်ငံသား ၆၅ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေး   အပြည့်အဝ ထိုးပြီးဖြစ်ကာ ၎င်းအနက် ၄၄ ရာခိုင်နှုန်း သည်   အပိုဆောင်း     ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးမှုခံယူပြီးဖြစ်ကြောင်း၊  ပြည်သူ့ကျန်းမာရေး စောင့်ရှောက်နိုင်မှု အနေဖြင့် အရည်အသွေးအမြင့်မားဆုံး ပါးစပ်၊ နှာခေါင်းစည်းများရှိခြင်း၊  ဆေးရုံ အဆင့်  ဆေးကုသမှုပေးနိုင်သောနေရာ များရှိခြင်း၊      ကာကွယ်ဆေးရရှိနိုင်မှု၊   ကုထုံးအသစ်များဖြင့် ကုသခြင်းစသည့် စိတ်ချယုံကြည်ရသည့်    ကျန်းမာရေး ဆိုင်ရာ အထောက်အကူပြုမှုများလည်း ပြည့်စုံစွာရှိနေကြောင်း သိရှိရပါသည်။

 


ဂျော်ဒန်နိုင်ငံတွင်      ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ဖြေလျှော့မှုတွင် အဆောက်အအုံအတွင်းနှင့်   အပြင်တို့ ၌  လူစုလူဝေးပြုလုပ်ခွင့်ကို ခွင့်ပြုခြင်း၊ အဆောက်အအုံပြင်ပတွင်    ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန်   အမိန့်ကို ဖယ်ရှားခြင်းတို့ ပြုလုပ်ပေးခဲ့ပြီး ဂျော်ဒန် နိုင်ငံ၌  ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးသူ ၄ ဒသမ ၄ သန်းကျော်  ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန် ထားသည်။ 

 


တောင်ကိုရီးယားနိုင်ငံတွင် လူဦးရေ ၏ ၈၇ ဒသမ ၆ ရာခိုင်နှုန်း (၄၄ ဒသမ ၉ သန်းကျော်) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့ပြီး အပိုဆောင်းကိုဗစ်-၁၉ ကာကွယ် ဆေး    ထိုးပြီးသူပေါင်း  ၃၂ ဒသမ ၆ သန်းကျော် (နိုင်ငံလူဦးရေ၏ ၆၃ ဒသမ ၆ ရာခိုင်နှုန်း) ရှိကြောင်း  ထုတ်ပြန်ထား သည်။ 

 


ထို့အတူ  ဒေသတွင်းနိုင်ငံဖြစ်သည့် လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ကို နိုင်ငံခြားခရီးသွားကဏ္ဍကို အဓိက အားထားမှီခိုနေရသည့်  ဒေသများနှင့်  ရောဂါကူးစက်မှုမြင့်မားသည့် ဒေသများ တွင်     ထိုးပေးမည်ဖြစ်ကြောင်း ကြေညာ ချက် ထုတ်ပြန်ထားပါသည်။ 

 


မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီး ဌာနအောက်၌ တိုင်းဒေသကြီး ပြည်နယ် များရှိ ပြည်သူ့ဆေးရုံများအပြင်  ကျန်းမာ ရေး   စောင့်ရှောက်မှုအနေဖြင့်   မိခင် ကလေးကျန်းမာရေးဌာန ၃၄၈ ခု၊ ဒေသန္တရ ကျန်းမာရေးဌာန ၉၈ ခု၊   ကျေးလက် ကျန်းမာရေးဌာန ၁၉၀၄ ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ ၉၀၇၇ ခုတို့မှ ပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက် ရှိကြောင်း၊   ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်   တိုင်းဒေသကြီး/ ပြည်နယ်များတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို   ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးနေပြီး ၂-၄-၂၀၂၂ ရက်နေ့အထိ လူဦးရေ ၂၇ ဒသမ ၀၃ သန်းကျော် ထိုးနှံပြီးဖြစ်ကာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၅ ဒသမ ၀၉ သန်းကျော်နှင့် ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးသူ ၂၁ ဒသမ ၉ သန်း ကျော်၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ ပြီးသူ ၁ ဒသမ ၁ သန်းကျော် ရှိပြီးဖြစ်၍ မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၅၀ ဒသမ  ၀၇  သန်းကျော်   ထိုးနှံပြီးဖြစ် ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရ ပါသည်။  ထို့ပြင်    စက်မှုဝန်ကြီးဌာန၊    ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင် ရွက်မှုဖြင့်   MYANCOPHARM ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  Ready to Fill Bulk အနေဖြင့် ထုတ်လုပ်နိုင်ခဲ့ပြီး ဆေး ပုလင်းတစ်လုံးလျှင် လူငါးဦး (5 Doses)  ထိုးနှံနိုင်သည့်     ကာကွယ်ဆေးများကို လစဉ် ကာကွယ်ဆေး Doses  တစ်သန်း နှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း    ကာကွယ်ဆေး   Doses ၁၀ သန်း  ထုတ် လုပ်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာ ရေးဆိုင်ရာ လုံခြုံမှုရှိစေရေး နိုင်ငံတော် မှ စီမံဆောင်ရွက်ပေးနေမှုကို မှတ်သား သိရှိရပါသည်။ 
မြန်မာနိုင်ငံ  ဟိုတယ်နှင့်   ခရီးသွား လုပ်ငန်းနယ်ပယ်ရှိ ဝန်ဆောင်မှုလုပ်ငန်း ခုနစ်မျိုးတွင် လက်ရှိ တာဝန်ထမ်းဆောင် နေသည့် အလုပ်ရှင်၊ လုပ်သား ၂၇၃၇၄၅ ဦးအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ် ၍ ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေး လျက်ရှိပါသည်။ 

 


ကြိုတင်ပြင်ဆင် ဝန်ဆောင်မှုတွင်  


ဟိုတယ်နှင့်    ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးဦးမော့လာစေရန် ကိုဗစ်-၁၉ ဆိုင်ရာ   ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်အား  နိုင်ငံတော်မှ   ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ဆိုင်ရာ Economic Relief Plan (CERP) နှင့်အညီ ကိုဗစ်-၁၉ အလွန်ကာလတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်ပေး နိုင်ရန်၊   ပြည်တွင်းပြည်ပ    ခရီးသွား ဧည့်သည်များအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ဝန်ဆောင် မှုပေးနိုင်သော ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုရိပ်သာများ၊  စားသောက်ဆိုင် များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင် မှုလုပ်ငန်းများအား   ကိုဗစ်-၁၉   Safe Services  အသိအမှတ်ပြုတံဆိပ်များ စနစ်တကျ   သတ်မှတ်ပေးအပ်နိုင်ရန်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းပုံရိပ်ကို မြှင့်တင်ပေးရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ရေးဆွဲ ထားရှိပြီး  ကိုဗစ်-၁၉  Safe  Service Master Trainer and Inspector ဆရာ ဖြစ်  သင်တန်းနှင့်    စစ်ဆေးရေးမှူး သင်တန်းများအား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန - မြန်မာနိုင်ငံလုပ်သားများ ကျွမ်း ကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ
အဖွဲ့အစည်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ   ကျွမ်းကျင် ပညာရှင်များအသင်းတို့၏ ပူးပေါင်းပါဝင် မှုဖြင့်    ဖွင့်လှစ်ဆောင်ရွက်ခြင်း၊   တိုင်း ဒေသကြီးနှင့်   ပြည်နယ်များအလိုက် ဟိုတယ်၊ တည်းခိုရိပ်သာများ၊ စားသောက် ဆိုင်များမှ  မန်နေဂျာနှင့်  ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ၊ ပြည်တွင်းသယ်ယူ ပို့ဆောင်ရေးယာဉ်ဝန်ထမ်းများ၊ ခရီးစဉ် ဒေသများတွင် လုပ်ငန်းလုပ်ကိုင်နေသူ များအား ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ  သင်တန်းပို့ချပေး ခြင်းများ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။  ထို့ပြင် ဟိုတယ် လုပ်ငန်းများအပါအဝင်    ခရီးသွား လုပ်ငန်းနယ်ပယ်အတွင်းမှ    လုပ်ငန်း အသီးသီးအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Health and Safety ဆိုင်ရာလမ်းညွှန်ချက်၊       လိုက်နာ ဆောင်ရွက်ရန်     သတ်မှတ်ချက်များနှင့် ကိုက်ညီပါက  “Enchanting  Myanmar Health and Safety Protocol”   အသိ အမှတ်ပြု လက်မှတ်နှင့် တံဆိပ်များ ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါ သည်။ ထိုသို့ပေးအပ်ရာတွင် တိုင်းဒေသ ကြီးနှင့်    ပြည်နယ်များ၏  Health  and Safety Protocol (HSP) ဆိုင်ရာ လမ်း ညွှန်ချက်များနှင့်ကိုက်ညီပါက(Regional Level)၊     ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားအဆင့်   ကိုဗစ်-၁၉   ဆိုင်ရာ  လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါက  (National Level)  နှင့်  World Tourism Organization (WTO),  World Travel & Tourism Council (WTTC) သတ်မှတ် ချက်များနှင့်ကိုက်ညီပါက နိုင်ငံတကာ အဆင့်   (International Level)များ  အဖြစ်  သတ်မှတ်ပေးအပ်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိရာ    တစ်နိုင်ငံလုံး    အတိုင်းအတာအနေဖြင့် ဟိုတယ် ၂၂၈၈ လုံးအနက် Regional Level နှင့် ကိုက်ညီ သည့် ဟိုတယ် ၁၃၃၈ လုံးကို Regional Level  အသိအမှတ်ပြု  လက်မှတ်များ၊ National     Level   အသိအမှတ်ပြု        လျှောက်ထားလာသည့်  ဟိုတယ်နှင့်  တည်းခိုရိပ်သာ အလုံး ၈၀ အနက်  ၅၁ လုံးကို National အဆင့် ယာယီအသိ အမှတ်ပြု လက်မှတ်များ ထုတ်ပေးထား ရှိပြီးဖြစ်ပါသည်။ 

 


မကြာမီကာလတွင်   နိုင်ငံတကာ လေကြောင်းလိုင်းခရီးစဉ်များ   ဖွင့်လှစ် ရေးစီမံဆောင်ရွက်လျက်ရှိရာ ခရီးသွား လုပ်ငန်းများအနေဖြင့် ကြိုတင်ပြင်ဆင် ကြရမည့်  ဟိုတယ်နှင့်  တည်းခိုရိပ်သာ များ၊ Quarantine Hotel များအနေဖြင့် အမျိုးသားအဆင့် HSP အသိအမှတ်ပြု လက်မှတ်များ ကြိုတင်ပြင်ဆင်လျှောက် ထားရယူရန် လိုအပ်ပါသည်။   Health and Safety Protocol လုပ်ထုံးလုပ်နည်း များအား   ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိပြီး    ဖြစ်သည့်အပြင် www.hsptourism.gov.mm တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။     ပူးပေါင်းပြင်ဆင် ဖွံ့ဖြိုးစေချင် 
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များအတွက်  ကျန်းမာရေးနှင့်   ဘေး အန္တရာယ်ကင်းရှင်းစွာ တည်းခိုနေထိုင် နိုင်သည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များ၊ ခရီးသွားကုမ္ပဏီ များ၊  ခရီးစဉ်ဒေသများ၊  အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊      သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများနှင့်       ခရီးသွား လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများဖြစ် ပေါ်လာစေရေးအတွက်    ရည်ရွယ်ချက် ကောင်းဖြင့်  “ Enchanting  Myanmar  Health  and Safety Protocol (HSP) Certificate”  ခွင့်ပြုထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးမှုသည်   သက်ဆိုင်ရာ ဝန်ကြီးဌာနမှ     ဒေသခံပြည်သူများ အတွက်    ဆင့်ပွားအကျိုးသက်ရောက်မှု (Multiplier Effect)   ဖြစ်စေသည့်  ခရီးသွားလုပ်ငန်းများ  စနစ်တကျဖြင့် ပြန်လည်ဖွံ့ဖြိုးလာစေခြင်း၊       ဒေသနေ ပြည်သူများ   အလုပ်အကိုင်     အခွင့် အလမ်းများ    ပြန်လည်ရရှိစေခြင်း၊ ဟိုတယ်များ၊  တည်းခိုရိပ်သာများနှင့် ခရီးသွားလုပ်ငန်းနှင့်       ဆက်စပ်နေသည့် လုပ်ငန်းများ  ပြန်လည်ဖွံ့ဖြိုးတိုးတက် စေခြင်းတို့ဖြင့်  ဒေသနှင့်  နိုင်ငံတော်၏ စီးပွားရေး       ဖွံ့ဖြိုးတိုးတက်မှုအား ခရီးသွားလုပ်ငန်းဖြင့်      တစ်ဖက် တစ်လမ်းမှ  အထောက်အကူပြုနိုင်ရန် စေတနာမှန်ဖြင့်    အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများ ဖြစ်ပေရာ  “HSP Certificate”  ရယူနိုင်ရေး  ကြိုးပမ်း ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့်  ပြည်တွင်း ပြည်ပ ခရီးသွားများ    စိတ်ချယုံကြည် ရပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့်  ခရီးသွား လုပ်ငန်းများ ပြန်လည်ရှင်သန်ဖွံ့ဖြိုးလာ စေရေးအတွက်   ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွင်   ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နေသည့်  လုပ်ငန်းရှင်၊ လုပ်သားများက အားတက်သရော       ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ပါရန် အကြံပြုတင်ပြအပ် ပါသည်။       ။