နေပြည်တော် ဇွန် ၂၄
ယခုရက်ပိုင်းအတွင်း ဝမ်တိန်နယ်စပ်ဂိတ်သည် စမတ်စိစစ်ရေးစက် တပ်ဆင်ကာ ပထမဆုံး အကြိမ်အဖြစ် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
တစ်ဆင့်တိုးမြှင့်တင်ပြီးသည့် စမတ်စိစစ် ရေးစက်သည် Ergonomic စံချိန်စံနှုန်းအတိုင်း ဒီဇိုင်းပြုလုပ်ကာ အရှေ့ဘက်ခုံစစ်ဆေးရေးတပ်ဆင်မှုစက်ကိရိယာကို တစ်စုတစ်စည်း တည်း ပေါင်းစပ်ထားသည်။
စီမံခန့်ခွဲမှုနှင့် အသုံးပြုမှုဆိုင်ရာ သိပ္ပံ နည်းကျသော လူသားနှင့် ၎င်းစက်ကိရိယာတို့ ဘေးကင်းစွာ အပြန်အလှန် ဆက်သွယ်နိုင်ပြီး စမတ်စိစစ်ရေးစက်တပ်ဆင်ကာ ပထမဆုံး စမ်းသပ်နိုင်ရန်၊ နယ်စပ်ဂိတ်ပေါက် စစ်ဆေး ရေး အခြေခံအဆောက်အဦ ပြည့်စုံရန်၊ ဒစ်ဂျစ်တယ် သတင်းအချက်အလက်များ အသုံးချမှုကို မြှင့်တင်ရန်၊ ခရီးသည် ပြည်ဝင် ပြည်ထွက် ရှင်းလင်းရေးစွမ်းဆောင်ရည်ကို မြှင့်တင်ပြီးနောက်တစ်ဆင့် တရုတ်-မြန်မာ နယ်စပ်စစ်ဆေးရေးလုပ်ငန်းအတွက် ခိုင်မာ သော အခြေခံအုတ်မြစ်ကိုချမှတ်ရန် အကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ရွှေလီမီဒီယာစင်တာက သတင်းထုတ်ပြန် ထားသည်။
သီရိ



