“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲပြုလုပ်

 

ဟိုပန်   ဒီဇင်ဘာ   ၂၅


“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင်      အောက်ဆီဂျင် စက်ရုံဖွင့်ပွဲကို   ဒီဇင်ဘာ ၂၂ ရက် က ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ      စက်ရုံဖွင့်ပွဲ အထိမ်းအမှတ်အလံကို   မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာပြည့်ကိုကိုနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးရဲဝင်းထိုက် တို့က ပေးအပ်ရာ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးညီနပ်နှင့် နယ်မြေခံ တပ်နယ်မှူး      ဗိုလ်မှူးကြီး အောင်ကျော်တို့က   လက်ခံရယူ ခဲ့ကြသည်။  ထို့နောက်  မြို့နယ်     ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာပြည့်ကိုကိုက အောက် ဆီဂျင်စက်ရုံ  တည်ဆောက်မှုနှင့် ပတ်သက်၍     ရှင်းလင်းတင်ပြသည်။

 


ဆက်လက်၍   မင်္ဂလာအချိန် တွင် ဥက္ကဋ္ဌ  ဦးညီနပ်၊  နယ်မြေခံ တပ်နယ်မှူး ဗိုလ်မှူးကြီး အောင် ကျော်နှင့်     တာဝန်ရှိသူများကအောက်ဆီဂျင်စက်ရုံကို   ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး    (ဝဲပုံ) စက်ရုံကို       အမွှေးနံ့သာရည် ပက်ဖျန်းကာ    အောက်ဆီဂျင် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ အဆိုပါ စက်ရုံသည် အလျား ပေ ၃၀ ၊ အနံ  ပေ ၂၀ ရှိကာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေး    အဖွဲ့က ငွေကျပ်   ၂၄၁  သိန်း အကုန်ကျခံ တည်ဆောက်ခဲ့ခြင်း     ဖြစ်ပြီး အောက်ဆီဂျင်စက်ကို  ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်သည်။    စက်ရုံမှ တစ်နေ့လျှင်    ၄၀   လီတာဆံ့ အောက်ဆီဂျင်အိုး     အလုံးရေ ၄၀    အများဆုံး    ထုတ်လုပ်နိုင်သည်။

 


အလားတူ       “ဝ”  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့သည်      ပြည်သူ့ဆေးရုံရှိ isolation ward တွင် လူနာ ၁၀ ဦးစာ   အသုံးပြုနိုင်ရန်   အောက် ဆီဂျင်ပိုက်လိုင်းကို      ငွေကျပ် သိန်း ၇၀ အကုန်ကျခံဆောင်ရွက် ပေးခဲ့သည်။ ယခင်က ဟိုပန်မြို့ နယ် ပြည်သူ့ဆေးရုံတွင် အောက် ဆီဂျင်မရှိသဖြင့် လားရှိုးမှ နှစ်ရက် တစ်ကြိမ် သွားရောက်ယူဆောင် ရသဖြင့် အခက်အခဲရှိပြီး ယခုအခါ လူနာများအတွက် အောက်ဆီဂျင် ကို လုံလောက်စွာ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
    

ခရိုင်(ပြန်/ဆက်)