
မြစ်ကြီးနား စက်တင်ဘာ ၃၀
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းရှိ နေရပ်စွန့်ခွာစခန်း ၁၇ ခု မှ အိမ်ထောင်စု ၂၁၂၅ စု၊ လူဦးရေ ၁၁၄၃၈ ဦးတို့အတွက် အခြေခံစားသောက်ကုန်များ ဖြစ် သည့် ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့က ဝိုင်းမော်မြို့နယ် မိုင်းနား RC နေရပ်စွန့်ခွာစခန်းသို့ သွား ရောက်ထောက်ပံ့သည်။
ထောက်ပံ့ ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်က ကိုဗစ်-၁၉ ကပ်ရောဂါ အတွင်း နေရပ်စွန့်ခွာပြည်သူများ အနေဖြင့် ခက်ခဲမှုပိုမိုကြုံတွေ့ နိုင်သည်ကို မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နေထိုင် စားသောက်မှုများ အဆင်ပြေ စေရေး ထောက်ပံ့မှုများကို တတ်နိုင်သလောက် ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝိုင်းမော်မြို့နယ် အတွင်းရှိ မြို့မနှစ်ခြင်း၊ လော်ဝေါ် နှစ်ခြင်း၊ မိုင်းနားမူရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ သာဂရလီဆူ၊ မဒိန်၊ ခတ်ချို၊ နောင်ဟီး၊ မိုင်းနား ကက်သလစ်၊ မိုင်းနားအေဂျီ၊ မိုင်းနားလဝမ်၊ မိုင်းနားဖွံ့ဖြိုးရေး ခြံ၊ စင်ကြိုင်၊ အမှတ်(၁) လော်ဝေါ် နှစ်ခြင်းဇုန်နယ်၊ စန်းကား၊ ဆဒုံး၊ မုတ်လွှဲ(ခါးရှိ)စသည့် စခန်းပေါင်း ၁၇ ခုမှ အိမ်ထောင်စုပေါင်း ၂၁၂၅ စု၊ လူဦးရေ ၁၁၄၃၈ ဦးတို့ အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၆၈၇၅၀ တန်ဖိုးရှိ ဆန် ၃၅၇၄ အိတ် ကိုးပြည်နှင့် ဆီ ပိဿာ ၄၂၅၀၊ ဆား ၂၁၂၅ ပိဿာ၊ ကုလားပဲ ပိဿာ ၄၂၅၀ ကို ထောက်ပံ့ ပေးအပ်ကြရာ သက်ဆိုင်ရာ စခန်းတာဝန်ခံများ က လက်ခံယူကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)