
မြစ်ကြီးနား စက်တင်ဘာ ၂၀
ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ကဏ္ဍပေါင်းစုံ၊ နည်းလမ်းပေါင်းစုံ ဖြင့် ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသများ၊ အပန်းဖြေနေရာများကို တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီနှင့် ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ အပန်းဖြေစခန်းများ အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူတာအို၊ ခေါင်လန်ဖူး၊ ပန်ဝါကဲ့သို့ ရေခဲတောင်များရှိရာ ဒေသများသို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက် နေသကဲ့သို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် ခရီးသွားအစီအစဉ်အသစ်များ ဖော်ဆောင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်သွားမည့် အစီအစဉ်များ ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင် ရွက်ပေးသွားရမည်ဖြစ်ကြောင်း ထပ်ဆင့် မှာကြားသည်။
ထို့နောက် ကချင်ပြည်နယ် ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတူးခေါင်က ပြည်နယ်အတွင်း ခရီးသွားအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရေးဆွဲဆောင်ရွက်ထားသည့် အစီအစဉ်များနှင့် မြစ်ဆုံအပန်းဖြေစခန်းကို အဆင့်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီ အစဉ်များ၊ ဝိုင်းမော်မြို့နယ်အတွင်း နောင်တာ လောရေလယ်ကျွန်း သဲသောင်ပြင်ပေါ်တွင် ဧရာဝတီမြစ်ရေကျချိန်၌ အကောင်အထည် ဖော်ဆောင်ရွက်မည့် ကမ်းခြေငယ်အပန်း ဖြေစခန်းဆောင်ရွက်မည့် အစီအစဉ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက တင်ပြမှုများအပေါ် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက် ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ဖြည့်စွက်ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အကောင် အထည်ဖော်ဆောင်ရွက်မည့် အပန်းဖြေ စခန်းများနှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေကို စနစ်တကျကွင်းဆင်းလေ့လာစစ်ဆေးနိုင်ရေး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း မြစ်ဆုံဒေသသည် မေခနှင့်မလိခမြစ်တို့ ပေါင်းဆုံရာနေရာ တစ်ခု ဖြစ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများအား ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ကာ ယနေ့ အစည်း အဝေး၌ နောင်တာလောရေလည်ကျွန်း သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်း အစီအစဉ်တွင် သဲသောင်ပြင်ပေါ်ထွန်းချိန် တဲငယ်များဖြင့် ကမ်းခြေအပန်းဖြေနိုင်ခြင်း၊ ဒေသရိုးရာစားသောက်ဆိုင်များ၊ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် သဘာဝရှုခင်းအလှ နှင့် စိုက်ခင်းများကို လှည့်လည်ကြည့်ရှုနိုင်သည့် အစီအစဉ်များ၊ ရေပေါ်စက်ဘီးစီးအစီအစဉ်နှင့် သဲသောင်ပြင်ဘောလုံး၊ ဘော်လီဘောပြိုင်ပွဲ များ၊ ကလေးကစားကွင်းများ ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)