
ပဲခူး စက်တင်ဘာ ၁၆
ဝေါမြို့နယ် ကျိုက်လှကျေးရွာ အုပ်စုရှိ တောင်သူ ၁၁ ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ် ဧက တင်း ၁၀၀ထွက်ရှိရေး ဧက ၁၀၀ စပါးမျိုး ရှစ်မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက်အတွင်း မျိုးကွဲနုတ် ပယ်နေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ ပြီး တစ်နှစ် သုံးသီး စိုက်ပျိုး မည့် တောင်သူများ၊ မျိုးစပါး နှင့် စံပြကွက်စိုက်တောင်သူများ အတွက် ဓာတ်မြေဩဇာအမြန်ဆုံး ခွဲဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးပြီး ကျွဲ/နွားနှင့် ဒေသကြက် မွေးမြူသူများအတွက် တိရစ္ဆာန် အစာအဖြစ် နေဗီယာမြက် အစား ထိုး သုံးစွဲနိုင်ရေးအတွက် နေဗီယာ မြက် စိုက်ပျိုးနည်းအသိပညာ ပေးနေမှုကို ကြည့်ရှုအားပေး သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့ နယ် ပုကိုင်တာပေါ်ရှိ တိုင်းဒေသ ကြီး အစိုးရရန်ပုံငွေဖြင့် ဆောင် ရွက်သည့် မိုးယွန်းကြီး ရေပိုလွှဲ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်က ပုကိုင်တာရေရှည်တည်တံ့ ခိုင်မြဲ စေရေးအတွက် မြေထိန်းနံရံ များ ထိန်းသိမ်းစောင့်ရှောက်ရန်၊ မိုးယွန်းကြီးအင်းသည် ကမ္ဘာ့ ရေတိမ်ဒေသဖြစ်၍ ရေတံခါး မှ ရေထုတ်ရာတွင် သတ်မှတ် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရန်နှင့် နွေစပါးရေရရှိ ရေး အကျိုးရှိရှိ ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါ-အင်းတိုင်စုလမ်း ကွန်ကရစ် လမ်းခင်းနေမှုကို လည်းကောင်း၊ ဝေါမြို့နယ် ပြွန်စု အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ စာသင် ခန်းများကိုလည်းကောင်း လှည့် လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့ မြို့မဈေးအတွင်း ဈေးရောင်းချ နေသည့် ဈေးသည်မိသားစုဝင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ထပ်ဆောင်း Booster ထိုးနှံနေမှုကို ကြည့်ရှု အားပေးပြီး ပဲခူးမြို့ ဟံသာဝတီ ရှေးဟောင်းကျုံး သဘာဝရေပြင် အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ငါးခုံးမကောင်ရေ နှစ်သိန်းနှင့် ငါးမြစ်ချင်းကောင်ရေ နှစ်သိန်း မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်