
သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုသော ထူးမြတ်သည့်ဂုဏ်ဒြပ် လေးရပ်ဖြစ်သည့် ဘုရား အလောင်းတော် ပဋိသန္ဓေယူရာနေ့၊ အလောင်းတော် တောထွက်သည့်နေ့၊ ဘုရားရှင်အဖြစ် ဓမ္မစကြာတရားဦး ဟောသည့်နေ့၊ ဘုရားရှင်တန်ခိုးပြာဋိဟာ ပြသည့်နေ့ ဟူ၍ အမှတ်အသားပြုထားကြသည့် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်များ အားလုံးအတွက် မင်္ဂလာရှိပြီး ထူးမြတ်သောနေ့ဟု မှတ်ယူ ခဲ့ကြသည်။ ထို့ကြောင့် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော် နေ့)ဖြစ်သည့် ယနေ့တွင် နိုင်ငံတစ်ဝန်းမြို့နယ်များရှိ ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်းများ စည်ကားသိုက်မြိုက်စွာ ပြုလုပ်နေကြပုံကို စုစည်းဖော်ပြ အပ်ပါသည် -